ဇနီးဖြစ်သူရဲ့ (၅၆) နှစ်ပြည့် မွေးနေ့အတွက် ဓာတ်ပုံသစ်တွေ တင်လိုက်ပြန်တဲ့ အိုဘားမား

Twitter_BarackObama

ကမ္ဘာပေါ်က သြဇာအာဏာအသီးသီး ရှိကြတဲ့ နိုင်ငံခေါင်းဆောင် စုံတွဲတွေထဲမှာ မစ်ရှဲလ်အိုဘားမားနဲ့ ဘားရတ်အိုဘားမားတို့ဟာ လေးစားအားကျစရာကောင်းတဲ့ စုံတွဲတစ်တွဲပါ။ ဘားရတ်အိုဘားမားဆိုရင် သူအမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲအချိန်မှာတောင် ဇနီးသည်ကို လူရှေ့သူရှေ့မှာ အချစ်ကို ပြသဖို့ ၀န်မလေးခဲ့သူပါ။

 

သူတို့စုံတွဲက တစ်ယောက်နဲ့တစ်ယောက် ဟိတ်တွေဟန်တွေနဲ့ နေလေ့မရှိပါဘူး။ လူကြားထဲမှာလည်း အချင်းချင်းပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ ကြည်နူးစရာကောင်းတဲ့ စာတိုလေးတွေ အပြန်အလှန်ပို့ပေးတာမျိုးကို ပြုလုပ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ကို မြင်ရရင် တွေ့တဲ့သူတိုင်း စိတ်ချမ်းသာရပါတယ်။

READ
သကြားဓာတ်များတဲ့အချိုရည်တွေက မျိုးသုဉ်းမှုနဲ့ပန်းသေပန်းညှိုးဖြစ်ပေါ်စေနိုင်

မကြာသေးခင်က ဇန်န၀ါရီလ (၁၇) ရက်မှာတော့ အမေရိကန်ရဲ့ First Lady ဖြစ်ခဲ့တဲ့ မစ်ရှဲလ်ဟာ (၅၆) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဘားရတ်ကတော့ နှစ်တိုင်း ချစ်ဇနီးရဲ့မွေးနေ့ရောက်ရင် အမြဲလိုလို ဆိုရှယ်မီဒီယာပေါ် ပို့စ်တင်ပြီး ဆုတောင်းခြွေလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဘားရတ်က ဇနီးသည်ကို သူ့ရဲ့အချစ်တွေဖော်ပြရင်း ထူးထူးခြားခြား စုံတွဲဓာတ်ပုံလေးတွေကိုပါ တင်ခဲ့ပြန်ပါတယ်။

အသက်အရွယ်ရလာပေမယ့် အချစ်တွေ လတ်ဆတ်နေဆဲ ဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံလေးတွေက ကြည်နူးစရာပါ။ လူတွေကလည်း တော်တော်အားပေးကြပါတယ်။ Like ပေါင်း retweet ပေါင်း သိန်းချီ၊ သန်းချီပြီး ဂုဏ်ပြုပေးကြတာကို boredpanda သတင်းကနေ သိရပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း အိုဘားမားမောင်နှံက သူတို့ရဲ့ (၂၇) ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါသေးတယ်။ အဲ့ဒီတုန်းကလည်း ခုလိုပဲ တစ်ယောက်နဲ့တစ်ယောက် ကြည်နူးစရာကောင်းတဲ့ စာတိုလေးတွေ အပြန်အလှန်ရေးသားပေးပို့ခဲ့ကြပါတယ်။ အိုဘားမားမောင်နှံကတော့ ဆယ်စုနှစ် (၃) ခု နီးနီးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ပေမယ့် တစ်နေ့တစ်ခြား ပိုလို့တောင် အချစ်တွေ ခိုင်မြဲလာတာကို မြင်ရတာ တကယ့်ကို စိတ်ချမ်းမြေ့စရာပါပဲ။

READ
အချမ်းသာဆုံးသူဌေးကြီးရဲ့ မြေးဆိုပေမယ့် ငွေနောက်မလိုက်ပဲ အနုပညာနောက်လိုက်ခဲ့သူ

လင်းလင်း (ShweMon)

SHARE