Grammy ညမှာ အားလုံးကို Surprise လုပ်ခဲ့တဲ့ Michelle Obama

(2019)ခုနှစ်ရဲ့ Grammy ဆုပေးပွဲညမှာတော့ ပရိသတ်တွေလုံးဝမျှော်လင့်မထားတဲ့ အထူးဧည့်သည်တော် တစ်ေ ယာက် တက်ရောက် ခဲ့ပါတယ်။သူကတော့ အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama ပါ။Grammy ညမှာ အားလုံးကို Surprise လုပ်ခဲ့တဲ့ သူမကတော့  ဂီတဟာ သူမအတွက် ဘယ်လောက်ထိ အရေးပါတဲ့ အကြောင်း ပြောခဲ့ပါတယ်။Music က သူမရဲ့ Story တွေကို ပြောဖို့ အမြဲကူညီပေးတဲ့ အရာပါလို့ ပြောခဲ့ပါတယ်။စင်ပေါ်မှာတော့ ဂီတလောကရဲ့ တကယ့်ဒိတ်ဒိတ်ကြဲတွေ ဖြစ်တဲ့ Lady Gaga, Jada Pinkett Smith, Jennifer Lopez, အစီအစဉ်တင်ဆက်သူ Alicia Keys တို့နဲ့ အတူ Michelle Obama က အတူယှဉ်တွဲပြီး စင်ပေါ်မှာ ရပ်ခဲ့ပါတယ်။

clickorlando
clickorlando
“From  Motown records I wore out on the South Side —”  ဆိုပြီး Michelle က Uptown Funk သီချင်းစာသားနဲ့ အစချီခဲ့ပါတယ်။ ချက်ချင်း ဆိုသလိုပဲ အားလုံးက ၀ိုင်းပြီး သူမကို လက်ခုပ် သြဘာပေးခဲ့ကြပါတယ်။လက်အုပ်သြဘာသံတွေ အပြီး မှာတော့ Michelle  က “ရပါပြီ ရပါပြီ..ကျမတို့ Show လုပ်ရအုံးမယ်…”ဆက်ပြီးတော့လည်း Beyonce ရဲ့ ‘Who run the World’ တေးသီချင်းက သူမကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ခွန်အားဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဂီတက သူမရဲ့ အကြောင်းကို ပြောဖို့ အမြဲတမ်းကူညီပေးတယ်ဆိုပြီး ပြောခဲ့ပါတယ်။ Michelle ဟာ Chicago, မှာ ကြီးပြင်း လာခဲ့သူပါ။ ဆက်ပြီးတော့လည်း..”ဒါက ဒီမှာရှိတဲ့ လူတိုင်းအတွက်လည်း မှန်ကန်မယ်ဆိုတာ ကျမသိပါတယ်။ကျမ တို့က Country Music ကိုပဲ ကြိုက်ကြိုက် ဒါမှမဟုတ် Rap …Rock ..ဘာကိုပဲ ကြိုက်ကြိုက် ဂီတက ကျမတို့ ကို ကူညီပေးတယ်။
CNN

ကျမတို့ တန်ဖိုးထားတဲ့ ဂုဏ်သိက္ခာ၊၀မ်းနည်းမှု၊မျှော်လင့်ချက်၊ပျော်ရွှင်မှုတွေကို ဝေမျှပေးတယ်။Music က တခြားသူ တစ်ယောက်ပြောတဲ့ စကားကိုလည်း ကြားအောင်ကူညီပေးသလို တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နား လည်မျှဝေခံ စားတတ်အောင်လည်း လုပ်ပေးတယ်..Music က အသံတွေထဲမှာရှိနေတဲ့ အားလုံးရဲ့ ဘ၀ဇာတ်ကြောင်းတွေ၊ သီချင်းေ တွထဲမှာရှိနေတဲ့  ခံစားချက်တွေ၊မှန်တယ်မို့လား Lady တို့ …” ဆိုပြီး စင်ပေါ်မှာရှိနေတဲ့ သူမရဲ့ ဘေးက အဆိုတော်တွေကို မေးလိုက်ပါတယ်။Michelle Obama ကတော့ မကြာသေးမီက သူမရဲ့ “Becoming,”  ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ် ။ အဲ့ဒီစာအုပ်က အခုဆိုရင် best-seller စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်အ တွင်း လူကြိုက် အများဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်လာခဲ့ပါတယ်။

READ
YouTubeပေါ်မှာ သီချင်းတစ်ပုဒ်တင်အပြီး Dislike ၂သန်းကျော်ခဲ့ရခဲ့တဲ့ ကောင်မလေး

Source CNN
SHARE