Michelle Obama က အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ နောက်တက်လာမယ့်အမေရိကန်သမ္မတကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်နေတာနဲ့ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်နေပါတယ်။ သူမက လွန်ခဲ့တဲ့လေးနှစ်တုန်းက သူမဟာလည်း Trump ဆီအာဏာလွှဲပြောင်းဖို့ ခက်ခဲခဲ့ကြောင်းဆိုပါတယ်။
View this post on Instagram
“ကျွန်မနာကျင်မိသလို စိတ်လည်းပျက်မိတယ်။ ဒါပေမဲ့ မဲတွေကရေပြီးပြီလေ။ Donald Trump အနိုင်ရသွားပြီ။ ကျွန်မအမျိုးသားနဲ့ ကျွန်မက ဝန်ထမ်းတွေကိုညွှန်ကြားထားပါတယ်။ ကျွန်မတို့ သမ္မတအိမ်တော်ဆီစစချင်းပြောင်းလာတုန်းက Geroge နဲ့ Laura Bush တို့က ကျွန်မတို့ကို သင်ပေးခဲ့တဲ့အတိုင်း နောက်လာမယ့်သူတွေကိုလည်း သင်ပေးဖို့ပါ။ ကျွန်မတို့တုန်းကတော့ Bush ဆီက အာဏာလွှဲယူတာဟာ ချောချောမွေ့မွေ့ပဲဖြစ်ခဲ့ပါတယ်။”
ပြီးနောက်မှာတော့ Michelle က သူမနဲ့ သမ္မတ Barack Obama တို့ဟာ Trump ရဲ့ဝန်ထမ်းတွေကို ၄င်းတို့ရုံးခန်းတွေဆီဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်ကတော့ Michelle တို့ဟာ သူတို့ရဲ့ အိမ်ဖြူတော်အတွေ့အကြုံတွေ၊ အလုပ်ကိစ္စတွေကို အသေးစိတ်ပြန်လည်ရှင်းပြဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Michelle က “ဒါတွေအားလုံးက မလွယ်ကူခဲ့ဘူး။ Donald Trump က ကျွန်မအမျိုးသားနဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားတဲ့ဝါဒအလိမ်အညာတွေဖြန့်ထားတာ။ ကျွန်မမိသားစုဒုက္ခရောက်နိုင်တယ်။ ဒါက ကျွန်မအနေနဲ့ အလွယ်တကူခွင့်လွှတ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ” လို့ ရှင်းပြပါတယ်။
View this post on Instagram
အမေရိကန်ဟာ သမ္မတအာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေကို တရားဝင်မစတင်သေးတာက Trump ဟာ အကြောင်းရင်းမရှိဘဲ အရွေးချယ်ခံသမ္မတ Joe Biden ကိုလက်ခံဖို့ ငြင်းဆိုနေလို့ ဖြစ်ပါတယ်။ တရားဝင်အာဏာလွှဲတဲ့ကိစ္စဟာလည်း General Services Administration က Trump ရဲ့ကိုယ်စားလှယ်တစ်ယောက် အသိအမှတ်မပြုမချင်း ဒီတိုင်းတန့်နေဦးမှာဖြစ်ပါတယ်။ Michelle ကတော့ Trump ကို လူမျိုးရေးမှိုင်းတိုက်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့ပေမယ့် တည်ငြိမ်စွာနဲ့ပဲ ဒေါသကိုထိန်းကာ Melania ကို အိမ်ဖြူတော်ဆီဖိတ်ကြားခဲ့ပြီး Melania သိလိုတဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
View this post on Instagram
သမ္မတသစ်ဆီ တရားဝင်အာဏာလွှဲပြောင်းဖို့ကို Trump ဘက်ကအတည်မပြုသေးတာကြောင့် အိမ်ဖြူတော်ဆီရွှေ့ပြောင်းလာမယ့် သမ္မတသစ်မိသားစုအတွက်ရော အိမ်ဖြူတော်ကနေထွက်ခွာမယ့် သူတွေအတွက်ရော အခြေအနေတွေက ခက်ခဲလာတာပါ။ Michelle ကတော့ အာဏာလွှဲပြောင်းဖို့ ကြန့်ကြာနေခြင်းဟာ နိုင်ငံ့လုံခြုံရေးအတွက်တင်မကဘဲ အမေရိကန်နိုင်ငံရေးရဲ့တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေကြောင်းနဲ့ “ဒါ ဂိမ်းကစားနေတာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဒီမိုကရေစီက တစ်စုံတစ်ယောက်ရဲ့အတ္တထက်ပိုကြီးကျယ်တယ်။” လို့ ပြောခဲ့တာကိုတော့ CNNသတင်းကနေ သိခဲ့ရတာဖြစ်ပါတယ်။
ShweMom