လူမျိုးရေးခွဲခြားမှုတွေ မရှိသင့်တော့ဘူးလို့ ဖွင့်ပြောလာခဲ့တဲ့ Michelle Obama

[email protected]

လူတစ်ယောက်ကို အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ ဘယ့်တော့မှ မဆုံးဖြတ်မိပါစေနဲ့။ လူတိုင်းဟာ လူပါပဲ။ ဘယ်လူမျိုးမှာမဆို ခေါင်းတစ်လုံး၊ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ချောင်း ပါတာကြီးပါပဲ။ ဒါ့ကြောင့် လူတိုင်းကို လူသားတစ်ဦးအဖြစ်ပဲ မြင်ကြပါ။ လူသားဆန်မှုတွေ၊ ကိုယ်ချင်းစာစိတ်တွေ ရှိပေးကြပါ။ အခုလည်း အမေရိကန်သမ္မတဟောင်း Obama ရဲ့ ဇနီး Michelle Obama ဟာ လူမျိုးရေးခွဲခြားမှုတွေကို ဒီလိုခေတ်ကြီးမှာ မရှိစေချင်တော့ကြောင်း ပြောကြားခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

After several weeks of physical distancing, it’s so important that we continue to regularly check in with the people we care about—our friends, neighbors, grandparents, and anyone we know who might be sheltering in place on their own right now. A simple text or quick call can go a long way in letting someone know they aren’t in this alone. And the benefit goes both ways. For me, the simple act of reaching out to my loved ones, especially to my Mom, never fails to lift my spirits. If you’re not sure how to start,@ChicagosMayor Lori Lightfoot has been sharing some helpful tips for making well-being calls part of your routine. Little things like scheduling your call for the same time every week and making sure to have conversations about the latest safety guidance can help keep all of us healthy and connected. We're all in this together—and we’ll get through it together too. 💪🏾#StayAtHome

A post shared by Michelle Obama (@michelleobama) on

လွန်ခဲ့တဲ့ မေလ (၂၅) ရက်နေ့က သေဆုံးသွားတဲ့ George Floyd လို့ အမည်ရတဲ့ African-American လူမျိုးတစ်ယောက်ရဲ့ သေဆု့းမှုကိုတော့ လူတော်တော်များများသိကြပြီးဖြစ်မှာပါ။ Minneapolis မြို့ရှိ စတိုးဆိုင်တစ်ခုကနေ ဈေးဝယ်ပြီး ပြန်ထွက်လာတဲ့ Floyd ကို ရဲတွေက ငွေအတုလုပ်တဲ့ ကိစ္စမှာ မသင်္ကာမှုတစ်ခုနဲ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အချိန်မှာ Floyd ကို ရဲတွေက လမ်းမပေါ်မှာ မှောက်ခိုင်းထားပြီး ရဲတစ်ယောက်ဆိုရင် Floyd လည်ပင်းပေါ်မှာ ဒူးထောက်ထားခဲ့ပါတယ်။ ဒါကို Floyd က သူအသက်ရှုလိုမရတော့ကြောင်း တောင်းပန်ပြောဆိုခဲ့တဲ့အပြင် လမ်းသွားလမ်းလာတွေကပါ Floyd လည်ပင်းပေါ်မှာ ထောက်ထားတဲ့ ဒူးကို ဖယ်ပေးဖို့ ပြောခဲ့တာကို ရဲတွေက မသိကျိုးကျွံပြုလုပ်ခဲ့ပါတယ်။

READ
ပါတီပွဲကျင်းပနေတဲ့လသာဆောင်ပြိုကျမှုလို့ ၄-ဦးသေ ၁၄-ဦးဒဏ်ရာရ

အဲဒီနောက် သိပ်မကြာခင်မှာပဲ Floyd ဟာ အဆိုပါနေရာမှာပဲ အသက်ရှုရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဟိုးတလေးကျော်ဖြစ်ခဲ့ပြီး Minneapolis မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ ဆူပူမှုတွေဟာ အခုအချိန်မှာတော့ အမေရိကန်တစ်နိုင်ငံလုံးကို ပျံ့နှံ့ကူးစက်နေပြီပဲ ဖြစ်ပါတယ်။

View this post on Instagram

Like so many of you, I’m pained by these recent tragedies. And I’m exhausted by a heartbreak that never seems to stop. Right now it’s George, Breonna, and Ahmaud. Before that it was Eric, Sandra, and Michael. It just goes on, and on, and on. Race and racism is a reality that so many of us grow up learning to just deal with. But if we ever hope to move past it, it can’t just be on people of color to deal with it. It’s up to all of us—Black, white, everyone—no matter how well-meaning we think we might be, to do the honest, uncomfortable work of rooting it out. It starts with self-examination and listening to those whose lives are different from our own. It ends with justice, compassion, and empathy that manifests in our lives and on our streets. I pray we all have the strength for that journey, just as I pray for the souls and the families of those who were taken from us. Artwork: @nikkolas_smith

A post shared by Michelle Obama (@michelleobama) on

“လူမျိုးရေးအသားအရောင်ခွဲခြားမှုတွေဟာ ဟိုးအရင်ကတည်းက ဖြစ်နေတာ ကြာခဲ့ပါပြီ။ အခုလိုတိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ဒီလို အယူအဆအဟောင်းတွေကို စွန့်ပစ်ဖို့ အချိန်ရောက်ပါပြီ။ လူကလူပါပဲ။ လူလူချင်း ဘယ်သူကမှ ခွဲခြားပိုင်ခွင့်မရှိပါဘူး။ ပြီးတော့ လူသားချင်းစာနာစိတ်တွေရှိကြပါ။ကိုယ်က တစ်ပါးသူကို လူမျိုးရေးအသားအရောင် ခွဲခြားတော့မယ်ဆိုရင် သူ့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လိုခံစားရမလဲဆိုတဲ့ အချက်ကို တွေးကြည့်ပါ။ ဒါ့အပြင် မကြာသေခင်က သေဆုံးသွားခဲ့ရတဲ့ George Floyd အတွက်လည်း ကျွန်မစိတ်မကောင်းပါဘူး” လို့ Michelle Obama က ပြောကြားခဲ့ပါတယ်။

READ
ချစ်သူရဲ့ယုတ်မာမှုကြောင့် အဓ္ဓမမှုနဲ့ထောင်ကျကာအကြွေးနွံထဲနစ်ခဲ့ရတဲ့ အမျိုးသား

Pyi Hein Kyaw

SHARE