Meghan ကို တော်ဝင်မိသားစုမှာနေထိုင်နည်း အကြံပေးလိုက်တဲ့ Michelle Obama

“အရာရာကိုလောတကြီးနဲ့ ဘယ်တော့မှအလုပ်လိုက်နဲ့” လို့ဆိုကာ Michelle Obama က Sussex မြို့စားကတော်ကို အကြံပေးစကားဆိုခဲ့ပါတယ်။

Sussex မြို့စကားကတော်ဖြစ်တဲ့ Meghan Markle ဟာ ပြီးခဲ့တဲ့ မေလ တုန်းက တော်ဝင်မင်းသား Harry နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး အခုအခါမှာတော့ တော်ဝင်သွေးစီးဝင်နေတဲ့ရင်သွေးလေးကို လွယ်ထားခဲ့ရပြီပဲဖြစ်ပါတယ်။

Wire Image

Meghan Markle ဟာ သာမန်အနုပညာရှင်ဘဝကနေတက်လာသူဖြစ်တာကြောင့် တော်ဝင်မိသားစုများရဲ့ အတွေးအခေါ်အနေအထိုင်တွေကို စည်းစနစ်ကျစွာ လိုက်နာနေထိုင်ဖို့ သိပ်အသားမကျသေးဘူးလို့ ဆိုနိုင်ပါတယ်။ ယောင်းမဖြစ်တဲ့ မင်းသား William ရဲ့ ကြင်ယာတော် Kate နဲ့ လည်း အပြင်ပန်းမှာသာ ရင်းနှီးသယောင်ထင်ရပေမယ့် တကယ်တမ်းတော့ သဘောထားကွဲလွဲမှုတွေရှိကာ ပြဿနာတွေတက်ခဲ့ဖူးကြောင်း ကောလဟာလတွေ ထွက်လျက်ရှိနေပါတယ်။ နောက်ပြီး တော်ဝင်မိသားစုရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း တမင်ချိုးဖောက်လျက်ရှိပြီး မင်းသား Harry ဟာလည်း Meghan တစ်ခွန်းဆို တစ်ခွန်းဖြစ်နေတဲ့အတွက်ကြောင့် နန်းတော်မှဝန်ထမ်းများနဲ့ အမှုထမ်းများအနေနဲ့ အကြပ်ရိုက်တာတွေဖြစ်နေတဲ့အတွက် Meghan ကို သဘောမကျကြဘူးဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လို့နေပါတယ်။

READ
လိင်ပြောင်းလဲဖို့ပြင်ဆင်နေတဲ့ အကျဉ်းသူက သူမကို ယောက်ျားနာမည်ခေါ်ဖို့တောင်းဆို

တစ်ဖန် တလောကပဲ Meghan ဟာ အနုပညာအလုပ်တွေကိုပြန်လုပ်ပြီး ရုပ်ရှင်ပြန်ရိုက်တော့မယ့်အကြောင်း သတင်းတွေလည်း သဲ့သဲ့လေးထွက်လို့နေပါတယ်။ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အနုပညာအလုပ်တွေကို အပြီးတိုင်နှုတ်ဆက်ရမယ်ဆိုတဲ့ စည်းကမ်းကလည်းရှိနေပြန်တော့ ဒီကိစ္စအကြောင်း လူအများစိတ်ဝင်တစားဖြစ်လျက်ရှိနေပါတယ်။

ဒါကြောင့်အခုလိုထွက်လာတဲ့ မကောင်းသတင်းများအပေါ် မိတ်ဆွေဖြစ်တဲ့ Michelle Obama မှ Meghan ကို တော်ဝင်မိသားစုထဲဘယ်လိုနည်းနဲ့ အကောင်းဆုံးနေထိုင်သင့်တယ်ဆိုတာကို ကိုယ်တွေ့ဖြစ်ရပ်များနှင့်တကွ အကြံပေးခဲ့ပါတယ်။

အနုပညာရှင်တစ်ယောက်ဟာ အလုပ်တွေကိုစွန့်လွှတ်ပြီး တော်ဝင်မိသားစုဝင်အဖြစ် ခြေစုံပစ်ဝင်လိုက်တဲ့အပေါ် အပြည့်အဝနားလည်တယ်လို့ Michelle ကဆိုပါတယ်။ သူမဟာလည်း ယောက်ျားဖြစ်သူ သမ္မတဖြစ်သွားချိန်မှာ အရင်နေလာတဲ့လူမှုပတ်ဝန်းကျင်နဲ့ အကျင့်စရိုက်တွေကိုဖျောက်ပစ်ကာ အရာရာအားလုံးဆင်ခြင်လိုက်ရတဲ့အတွက် စစချင်းမှာတော့ အသားမကျခဲ့ဘူးလို့ဆိုပါတယ်။ သူမရည်ရွယ်ထားတဲ့အလုပ်ကိစ္စတွေထက် သမီးလေးနှစ်ယောက် ကျောင်းအသစ်ကိုပြောင်းသွားခဲ့ရပြီး ပတ်ဝန်းကျင်အသစ် လူတွေအမြင်အသစ်နဲ့ ရှင်သန်ရမှာကိုတွေးကာ ကြောက်မိကြောင်းလည်း ပြောခဲ့ပါတယ်။

Good Housekeeping Magazine

တော်ဝင်မိသားစုဝင်ဖြစ်လာမယ်ဆိုတဲ့ တစ်ခါမှအိပ်မက်တောင် မမက်ဖူးတဲ့အရာတစ်ခုဟာ Meghan ရဲ့ဘဝမှာ ဖြစ်လာတဲ့အတွက် အရင်သူမနေထိုင်ပြောဆိုပုံနဲ့အလုပ်တွေကြောင့် လူများကသဘောသိပ်မကျကြပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း Michelle မှ Meghan ကို ဘယ်ကိစ္စကိုမဆို အလောတကြီးမဆုံးဖြတ်ဘဲ အချိန်ယူပြီးမှ လုပ်စေချင်ကြောင်း အကြံဥာဏ်ပေးခဲ့ပါသေးတယ်။

READ
ခွင့်မပြုဘဲ ကျောင်းစာ ခိုးပြီးလေ့လာနေတဲ့ ဇနီးရဲ့လက်ကို ဓားနဲ့ခုတ်ဖြတ်ပစ်တဲ့ခင်ပွန်း

Meghan အခုရောက်နေတဲ့နေရာမှာဆိုရင် ကောင်းတဲ့ကိစ္စတွေအများကြီးပြုလုပ်ပြီး အခြားလူတွေကိုအကျိုးပြုလို့ရတဲ့အပြင် သူမအတွက်ပါပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တယ်လို့ပြောခဲ့ပြီး Michelle Obama ကတော့ ဖြစ်ပြီးသား၊ လုပ်ပြီးသားကိစ္စတွေကို ဘယ်တော့မှ နောက်ပြန်ကြည့်တတ်သူမဟုတ်ဘူးဆိုပြီး Good Housekeeping မဂ္ဂဇင်းမှာ ပြောထားခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း Barack Obama, ဇနီးသည် Michelle နဲ့ ဗြိတိန်မှတော်ဝင်မင်းသား Harry,ကြင်ယာတော် Meghan Markle တို့ဟာ အရမ်းကိုရင်းနှီးလွန်းလှတဲ့ မိတ်ဆွေတွေပဲဖြစ်ပါတယ်။

Source: Mirror

Penny

SHARE