အမေရိကန်လူဖြူတွေဟာ ထွက်ပြေးနေသူတွေပါလို့ ဝေဖန်ခဲ့တဲ့ မစ်ရှဲလ်အိုဘားမား

instagram/michelleobama, instagram/barackobama

အမေရိကန်လူဖြူတွေဟာ သူတို့ရှိရာ လူ့အဖွဲ့အစည်းထဲကို လူနည်းစုမျိုးနွယ်ဝင်တွေနဲ့ အခြားနိုင်ငံက အခြေစိုက်ရွှေ့ပြောင်းလာသူတွေ ရောက်လာတဲ့အခါ ထွက်ပြေးလေ့ရှိကြောင်း မစ်ရှဲလ်အိုဘားမားက ပြောခဲ့တယ်လို့ CNN သတင်းအရ သိရပါတယ်။ အမေရိကန်သမ္မတကတော်ဟောင်းဖြစ်တဲ့ မစ်ရှဲလ်ဟာ ချီကာဂို အီလီနွိုက်နည်းပညာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Obama Foundation Summit မှာ အထက်ပါ သုံးသပ်ချက်ကို ပြောကြားခဲ့တာပါ။

instagram/michelleobama

မစ်ရှဲလ်ကို အင်တာဗျူးမေးမြန်းခဲ့သူကတော့ သတင်းထောက် အစ္စဘဲလ်ဝီလ်ကာဆန် ဖြစ်ပါတယ်။ မစ်ရှဲလ်က သူမရဲ့ ငယ်စဉ်ဘ၀အကြောင်းတွေနဲ့ သူမကြုံတွေ့ခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာတွေအကြောင်းကိုပါ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်က  သူမတို့မိဘတွေဟာ သူမငယ်ငယ်တုန်းက ပညာကောင်းကောင်းသင်ပေးရအောင် ဆိုပြီး ချီကာဂိုတောင်ပိုင်းတစ်နေရာကို ပြောင်းရွှေ့လာခဲ့ကြောင်း ပြောပြပါတယ်။

instagram/michelleobama

ဒါပေမယ့် သူတို့လည်း ပြောင်းလာရော  လူဖြူမိသားစုတစ်စုဟာ သူတို့တွေ ပြောင်းလာတဲ့အတွက် အိမ်ပြောင်းသွားခဲ့ကြောင်း မစ်ရှဲလ်က ပြောပြခဲ့ပါတယ်။ ဒါကြောင့် မစ်ရှဲလ်က သူမဟာ လူဖြူတွေကို သတိပြုစေလိုကြောင်းနဲ့ လူဖြူတွေဟာ သူမတို့ဆီကနေ ထွက်ပြေးခဲ့ပြီး ယခုထိတိုင်အောင်လည်း လူဖြူတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းထဲ မတူညီတဲ့လူတွေရောက်လာတာနဲ့ ထွက်ပြေးနေဆဲပဲ ဖြစ်ကြောင်း ဆိုခဲ့တာပါ။

READ
ဖောက်ပြန်တဲ့ချစ်သူကို ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး အရှက်ခွဲခဲ့တဲ့အမျိုးသား

ဒါ့အပြင် သူမအနေနဲ့ လူမည်းအမျိုးသမီးဖြစ်တဲ့အတွက် အလုပ်ခွင်မှာလည်း ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့ခဲ့ရကြောင်း ဆိုပါတယ်။ အသက်(၅၅) နှစ်ရှိပြီဖြစ်တဲ့ မစ်ရှဲလ်ဟာ ပညာရေးမှာ ထူးချွန်ပေါက်မြောက်သူဖြစ်ပြီး ပရင့်စတန်နဲ့ ဟားဗက်တို့ကနေ ဘွဲ့ဒီဂရီတွေ ရရှိထားတာ ဖြစ်ပါတယ်။ သူမ ခပ်ငယ်ငယ် အလုပ်,လုပ်တုန်းကတော့ လူတွေက သူမရဲ့ မသိခင်မှာ သူမကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တတ်ကြကြောင်း ဆိုပါတယ်။

instagram/michelleobama

ဥပမာဆိုရင် “ပရင့်စတန်ကျောင်းထွက်လား” “ဒီအမှတ်တွေကို ခင်ဗျား တကယ်ရခဲ့တာလား” “ဒါမျိုးကော လုပ်နိုင်ရဲ့လား” စသဖြင့် အထင်သေးစွာနဲ့ မေးခဲ့ကြကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒါကြောင့် သူမအနေနဲ့ ထိုအချိန်မျိုးမှာ အရင်ဆုံး ဘာမှမပြောပဲ ခေါင်းငိုက်စိုက်ချ သည်းခံပြီး သူမရဲ့ အလုပ်ကပဲ နောက်ဆုံးစကားပြောလိမ့်မယ်လို့ ယူဆကာ လုပ်စရာရှိသမျှကို အကောင်းဆုံးလုပ်ခဲ့ကြောင်းလည်း မစ်ရှဲလ်က ပြောပြခဲ့ပါတယ်။

READ
Michelle Obama သာ သမ္မတဝင်ပြိုင်မယ်ဆိုရင် ထိပ်ဆုံးကပြေးနေမှာဆိုတဲ့ စစ်တမ်းတစ်ခု

ဒါ့အပြင် မစ်ရှဲလ်က တစ်ယောက်နဲ့တစ်ယောက် လူမျိုးရေး၊ အသားအရောင်ကိကြည့်ပြီး ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အယူအဆကို သူမအနေနဲ့ အံ့သြမိတယ်လို့လည်း ဆိုပါတယ်။ ယခုလ အစောပိုင်းတုန်းကလည်း ဘော့စတွန် ဟာရဲလ်-ဖရန်ကလင် ပီးယာ့စ်တက္ကသိုလ်က ဆာဗေးမှာတော့ တကယ်လို့ မစ်ရှဲလ်သာ (၂၀၂၀) ခုနှစ်အတွက် အိမ်ဖြူတော်မှာ နေရာတစ်နေရာရဖို့ ၀င်သာပြိုင်ရင် ချက်ခြင်း နေရာရနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မစ်ရှဲလ်ကတော့ သူမအနေနဲ့ အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံဖို့ ဆန္ဒမရှိဘူးလို့ ဖြေကြားခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE