သမ္မတဟောင်းကတော် မီရှဲအိုဘားမားရဲ့ ဘဝကို ပျော်ရွှင်စွာနေထိုင်နည်းလမ်းညွှန် (၅) ခု

Michelle Obama ဟာ အမေရိကန်သမ္မတဟောင်း Barack Obama ရဲ့ ချစ်ဇနီးပါ။ ၂၀၁၈ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ သူမရေးသားထားတဲ့ Becoming: Michelle Obama ဆိုတဲ့ စာအုပ်ကို ထွက်ရှိလာခဲ့ပါတယ်။

စာအုပ်ပါအကြောင်းအရာများဟာ Michelle Obama ရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိဆန်တဲ့ စာအုပ်အမျိုးအစားဖြစ်ပြီး သူမရဲ့ ခံယူချက်တွေ၊ ရုန်းကန်ခဲ့ရပုံတွေ၊ အိမ်ဖြူတော်အတွင်း ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ၊ သမ္မတကတော် (First Lady) ဖြစ်တုန်းက လှုပ်ရှားမှု campaign အကြောင်းတွေနဲ့ ထူးချွန်တဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ခဲ့သလဲဆိုတဲ့ အဖြစ်အပျက်တွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။

Crown မှ ထုတ်ဝေပြီး မူရင်းမှာတင် ဘာသာစကား (၂၄) မျိုးနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။ အမေရိကန် ကလေးသူငယ်များ စာဖတ်မှုမြင့်တင်ရေးအဖွဲ့ဖြစ်တဲ့ First Book အဖွဲ့အစည်းကိုတော့ copy ပေါင်း (၁) သန်းကို လှူဒါန်းခဲ့ပါတယ်။ (၁၅) ရက်အတွင်း ၂၀၁၈ ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

READ
စားမေးပွဲအတွက် ပြင်ဆင်နည်းများ

အောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ Becoming စာအုပ်ထဲကအတိုင်း Michelle Obama လိုက်နာခဲ့တဲ့ ကိုယ်တိုင်လုပ်စည်းမျဉ်းအချို့ရဲ့ အကျဉ်းချုပ်ပဲဖြစ်ပါတယ်။ လွယ်ကူပြီး လူတိုင်းလုပ်ယူနိုင်တဲ့ အကျင့်စရိုက်နဲ့ စိတ်ထားတွေဖြစ်တာကြောင့် ဆက်လက်ဖတ်ရှုပေးကြပါဦး။

(၁) ကျရှုံးသွားတဲ့အချိန်တိုင်း အရှုံးကိုမယူဘဲ သင်ခန်းစာသာယူပါ။

East News

၂၀၁၆ ခုနှစ်တုန်းက နိုင်ငံတကာမိန်းကလေးများအကြောင်း ဆွေးနွေးရေးပွဲမှာ ပညာရေးနဲ့ပတ်သက်လို့ Michelle Obama ပြောခဲ့တဲ့ မိန့်ခွန်းစကားလေးပါ။ “အောင်မြင်ဖို့တစ်ခုတည်းသော နည်းလမ်းကတော့ အတိတ်မှာ ကျရှုံးခဲ့တဲ့ဖြစ်ရပ်တွေကို သင်ခန်းစာယူနိုင်ဖို့ပဲ” တဲ့။

(၂) ကိုယ့်တန်ဖိုးကိုယ်သိပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကြောင့် ဘယ်သူ့ကိုမှတောင်းပန်စရာမလိုပါဘူး

East News

အခုခေတ်လူကြီးလူငယ်မရွေး အသားအရောင်ဖြူခြင်း မည်းခြင်း၊ ရုပ်ဆိုးခြင်း ရုပ်လှခြင်း စတဲ့ အပေါ်ယံအမြင်တွေနဲ့ လောကကြီးကို ဆုံးဖြတ်တတ်ကြပါတယ်။ ဝမ်းစာမဖြည့်၊ အတွင်းစိတ်ထားကို မြင့်မြတ်အောင်မလုပ်ဘဲ အပေါ်ယံအလှအပတွေအတွက် သူတစ်ပါးစိတ်ထဲ ချီးကျူးခံရဖို့ကို ဦးစားပေးနေကြတာပါ။

(၃) ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကို ဦးစားပေးချစ်တတ်ပါစေ။

East News
East News

အိမ်ရှင်မပဲဖြစ်ဖြစ်၊ အစ်မတစ်ယောက် ညီမတစ်ယောက်ပဲဖြစ်ဖြစ်၊ ကလေးအမေပဲဖြစ်ဖြစ် အားလုံးသောအမျိုးသမီးများဟာ ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ခင်ရတဲ့လူတွေအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်ကြပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူးလို့ Michelle Obama က ခံယူထားပါတယ်။

READ
မိုးရွာပြီဆိုတာနဲ့ ရန်ကုန်သားတွေရင်ဆိုင်ရတဲ့ အဓိက ပြဿနာ (၅) ခု

(၄) ရည်မှန်းချက်တစ်ခုပြီးတိုင်း အသစ်တစ်ခုကို ဖန်တီးပါ။ ဘဝရဲ့အောင်မြင်မှုပမာဏကို စုဆောင်းပါ။

East News

ကြီးကြီးမားမားရည်မှန်းချက် မဟုတ်ရင်တောင်မှ ငါအလုပ်လုပ်ရင်း ရေကူးသင်မယ်၊ တစ်ခါတည်းမှာတင် အလုပ်အတွက်လိုအပ်တဲ့ သင်တန်းလည်း တက်မယ်၊ ပြီးရင်တော့ ခန္ဓာကိုယ်ကျစ်လစ်အောင်လုပ်မယ် စတဲ့ ရည်မှန်းချက်လေးတွေလည်း ပါပါတယ်။

Michelle Obama ကတော့ သူမကိုယ်သူမ “Am I good enough?” ဆိုပြီး ခဏခဏမေးတတ်ပါတယ်တဲ့။

(၅) ဘယ်လိုအခြေအနေမျိုးမှာပဲရောက်ရောက် ဘဝတစ်ဆင့်နိမ့်မသွားဖို့ အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ။

East News

စီမံကိန်းဆိုတာ လုပ်ငန်းတစ်ခုမှာ တကယ်လိုအပ်သလို ဘဝတစ်ဘဝအတွက်လည်း သိပ်ကိုလိုအပ်တဲ့အရာပါ။ သူမလည်းငယ်စဉ်က ရေရှည်အစီအစဉ်မရှိတဲ့ မိသားစုမှာကြီးပြင်းလာခဲ့ရတာမို့ တော်တော်လေးကို ပင်ပန်းစွာ ရုန်းကန်ခဲ့ရပါတယ်။ ဒီနေရာမှာ Michelle Obama ဆိုလိုချင်တာ ငွေကြေးဆိုင်ရာကို စီစဉ်ခိုင်းတာပါ။ ဝင်ငွေလေး တစ်လမရှိလိုက်တာနဲ့ လျှပ်စစ်မီး၊ စားစရာတို့ အလိုလိုနေရင်း မရှိတော့မှာမို့ အခြေအနေတစ်ခုခုဖြစ်လာတဲ့အခါ ပုံမှန်ဝင်ငွေရနိုင်တဲ့ လုပ်ငန်းမျိုးနဲ့ ကြိုတင်စုဆောင်းထားတဲ့ ငွေတွေ သိပ်ကိုလိုအပ်ပါတယ်။

Source: Bright Side

Penny

SHARE