ရုတ်တရက်ပျောက်သွားပြီး(၃)နှစ်ကြာမှာ ပြန်ပေါ်လာတဲ့ အလှဘုရင်မကြီး

Youtube

YouTube မှာကျော်ကြားတဲ့မိတ်ကပ်ပညာရှင် Michelle Phan ဟာ YouTube ကနေ သန်းနဲ့ချီတဲ့အလှအပ ချစ်သူတွေကို မိတ်ကပ်လိမ်းနည်းတွေသင်ပေးနေတာ အခုဆိုရင်(၁၀)နှစ်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် သူမ YouTube ကနေပျောက်သွားခဲ့ပါတယ်။

အခုတော့ သူမ YouTube ကိုပြန်လည်ရောက်ရှိလာတော့မယ့် အရိပ်အယောင်တွေကိုတွေ့မြင်နေရပြီလို့  သူမရဲ့ပရိသတ်တွေကပြောပါတယ်။ (၃)နှစ်ကြာပျောက်သွားတဲ့ Phan ဟာ သူမရဲ့ channel ပေါ်မှာ ဗီဒီယိုဖိုင်အသစ်တစ်ခုကိုပထမဆုံးခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာ သူမရဲ့ကြောင်လေးနဲ့အတူ စတင်ထွက်ပေါ်လာခဲ့ပြီးနောက် သူမရဲ့EM Cosmetic မိတ်ကပ်ပစ္စည်းတွေကိုပြသခဲ့ပါတယ်။ဒါပေမယ့် ဒီဗီဒီယိုထဲမှာ Phan ဟာ ဘယ်သူ့ကိုမှ မိတ်ကပ်လိမ်းပြမထားပါဘူး။

 

Michelle Phan ဟာ YouTube မှာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက် ၊ ဒါပေမယ့် YouTube ကနေထွက်ခွာသွားခဲ့တယ်။

အင်တာနက်ကနေမိတ်ကပ်တွေလိမ်းပြပြီးအောင်မြင်နေတဲ့ James Charles Tati Westbrook နဲ့ Jeffree Star တို့တွေထက်အရင် သူမဟာ YouTube အောင်မြင်နေတဲ့မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါ တယ်။သူမဟာလွန်ခဲ့တဲ့(၁၂)နှစ်လောက်ကတည်းက YouTube ကနေ မိတ်ကပ်လိမ်းခြယ်နည်းပြသမှုတွေ ကို စတင်ခေတ်စားစေခဲ့တဲ့သူတစ်ဦးပါ။

(၂၀၁၆)ခုနှစ် သူမဟာ အရမ်းကိုအောင်မြင်နေတဲ့အချိန်မှာ သူမဟာရုတ်တရက် YouTube ကနေပျောက်ကွယ်သွားခဲ့ပါတယ်။ YouTube မှာလည်း သူမဆံပင်ညှပ်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုကို သာထားရှိခဲ့တာကိုတွေ့ခဲ့ရပါတယ်။နောက်တစ်နှစ်အကြာမှာတော့ သူမဘာကြောင့်ပျောက်ကွယ်သွားရတဲ့ အကြောင်းကိုရှင်းပြခဲ့ပါတယ်။ သူမရဲ့ဗီဒီယိုလေးတွေမှာသုံးထားတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး မူပိုင်ခွင့်ချိုးဖောက်မှုနဲ့တရားစွဲဆိုခံရတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

သူမ YouTube ကနေထွက်ခွာခဲ့ပေမယ့် သူမရဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့ဆက်လက်လုပ် ဆောင်လျက်ရှိနေပါတယ်။ဒါပေမယ့် စိတ်ထိခိုက်မှုတွေကြောင့် Switzerland ကိုသွားပြီးစိတ်ပိုင်းဆိုင်ရာ ကုသမှုတွေကိုအရင်လုပ်ဆောင်ခဲ့ရတယ်လို့သိရပါတယ်။(၂၀၁၇)ခုနှစ်ကတည်းက သူမရဲ့ EM Cosmetic တွေကိုပြန်လည်အသက်သွင်းလုပ်ဆောင်ဖို့ အလုပ်တွေနဲ့ပဲလုံးပန်းခဲ့ရပါတယ်။

အခုတင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ခြင်းအားဖြင့် သူမပြန်လာမှာလားဆိုတာကို သူမရဲ့ပရိသတ်တွေက စိတ်ဝင်တစားစောင့်မျှော်နေကြပါတယ်။ဒါပေမယ့် မသေချာပါဘူး။

Thae

SHARE