
Marvel ရဲ့ စူပါဟီးရိုးဇာတ်ကားတိုင်းလိုလိုဟာ အမြဲလိုလို အောင်မြင်ကျော်ကြားတဲ့ စူပါဟီးရိုးဇာတ်ကားတွေဖြစ်သလို ထွက်သမျှဇာတ်ကားတိုင်းကလည်း စူပါဟီးရိုးကြိုက်တဲ့ လူငယ်လူရွယ်တွေကြားမှာ တော်တော်လေးကို အောင်မြင်တဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Marvel က စူပါဟီးရိုးတော်တော်များများဟာ အနောက်နိုင်ငံသားတွေဖြစ်ပြီး အာရှနိုင်ငံသားတွေ သရုပ်ဆောင်တဲ့ စူပါဟီးရိုးဇာတ်ကားကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ထွက်ရှိမယ့် Shang-Chi ဇာတ်ကားကလွဲရင် တစ်ကားမှ မရှိသေးပါဘူး။ အခုလည်း အာရှစူပါစတား အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Michelle Yeoh ကနေပြီးတော့ Marvel က ထုတ်လုပ်ရိုက်ကူးတဲ့ Shang-Chi အာရှစူပါဟီးရိုးဇာတ်ကားအတွက် အာရှသူတစ်ယောက်အနေနဲ့ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့တယ်လို့ BBC သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
View this post on Instagram
အသက် ၅၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Michelle ဟာ အာရှရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက် ဖြစ်တဲ့အပြင် Shang-Chi and the Legend of the Ten Rings ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Shang-Chi ဇာတ်ရုပ်ကိုတော့ ကနေဒါနိုင်ငံသား ခံယူထားတဲ့ တရုတ်မင်းသား Simu Liu က သရုပ်ဆောင်ထားတာဖြစ်ပြီး Shang-Chi ဇာတ်ရုပ်ကတော့ တစ်ချိန်က နာမည်ကျော်မင်းသားကြီး Bruce Lee ပုံစံကို အခြေခံထားတဲ့ စူပါဟီးရိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ရှိမယ်လို့ တရားဝင်ထုတ်ပြန်ထားပေမယ့် COVID 19 ကပ်ရောဂါကြီးကြောင့် ဇာတ်ကားထွက်ရှိချိန် နောက်ကျမကျကိုတော့ ထပ်မံထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
“ကျွန်မအနေနဲ့ကတော့ အခုလို အာရှသားစူပါဟီးရိုးတစ်ယောက် ထွက်ပေါ်လာတဲ့ အပေါ်မှာ တော်တော်လေး ဂုဏ်ယူမိသလို တော်တော်လေးလည်း ပျော်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၂၁ ခုနှစ်ရောက်ရင် အာရှတစ်ခွင်မှာ တော်တော်လေး လူကြိုက်များမယ့် ဇာတ်ကားတစ်ကားလို့ ထင်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားမှာ ကျွန်မအပြင် တစ်ခြားဝါရင်သမ္ဘာရင့် သရုပ်ဆောင်တွေလည်း အားဖြည့်ပါဝင် သရုပ်ဆောင်ပေးထားတာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျွန်မတို့အာရှတိုက်အပိုင် စူပါဟီးရိုးတစ်ယောက် ပေါ်ပေါက်လာခဲ့ပါပြီ”လို့ Michelle က BBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw