ဓာတ်ပုံလား ပန်းချီလားမသဲကွဲနိုင်တဲ့ Don Komarechka ရဲ့ ရေစက်အဏုစိတ်ဓာတ်ပုံများ

Don Komarechka Photography

အနုပညာဆိုတာ တကယ့်ကိုအနုစိတ်လှပါတယ်။ ပန်းချီ၊ ပန်းပုကစလို့ ဓာတ်ပုံပညာအထိ မတူညီတဲ့ အနုပညာရသပေါင်းစုံ ရှိလို့နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်းဓာတ်ပုံလေးတွေ ရိုက်ကူးလေ့ရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ လက်ရာလေးတွေကို မိတ်ဆက်ပေးချင်ပါတ်။

သူကတော့  Don Komarechka ပါတဲ့။ သူ့ရဲ့ Website ထဲ ဝင်ကြည့်လိုက်တဲ့အခါ ထူးခြားတာတစ်ခုတွေ့လိုက်ရတယ်။ အဲဒါကတော့ အနီးကပ်ပုံတွေပါပဲ။ အနီးကပ်မှ ရေစက်ကလေးတွေရဲ့ အနီးကပ်ပုံတွေပါ။ အဏုစိတ်လွန်းလှတာကြောင့် ဓာတ်ပုံမှဟုတ်ရဲ့လားဆိုပြီးတောင် ထင်ကြမှာပါ။

Don Komarechka Photography
Don Komarechka Photography

တယ်တော့ ဒီလိုပုံတွေရိုက်ဖို့အတွက် Don Komarechka ဟာ အချိန်အတော်ယူပြီး ဆင်ရိုက်ခဲ့ရ၆ပါတယ်။ သူဟာ သဘာဝကိုတရားကြီးကိုသာ အသုံးပြုပြီး ရိုက်ကွင်းဆင်ခဲ့တာပါ။ ဥပမာပြောရရင် ရေစက်ကလေးတွေနဲ့လိုက်ပြီး ပန်းကလေးတွေ၊ ပိုးကောင်လေးတွေ၊ သစ်ရွက်ကလေးတွေပေါ့။

Don Komarechka Photography
Don Komarechka Photography

Don Komarechka ကပြောတယ်၊ သူဒီလိုရိုက်ကူးရတဲ့ရည်ရွယ်ချက်ဟာ သဘာဝတရားကြီးရဲ့ အလှတရားတွေကို လူ့မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရှုထောင့်မျိုးကနေ ထုတ်ဖော်ပြသချင်တာပါတဲ့လေ။

READ
ဥရောပမြို့တွေရဲ့ ဗိသုကာလက်ရာတွေကို ပန်းထိုးပြီး ပုံဖော်ခဲ့တဲ့ စုံတွဲ
Don Komarechka Photography
Don Komarechka Photography
Don Komarechka Photography
Don Komarechka Photography

Don Komarechka ရဲ့ ဓာတ်ပုံတွေမှာ pattern တစ်ခုရှိနေပါတယ်။ အဲဒါကတော့ နောက်ခံ background ကို လုံးဝအဝါးထားပြီး ရေစက်ကလေးတွေထဲမှာမှ background မှာ ထားထားတဲ့ ပန်းလေးတွေ သစ်ရွက်လေးတွေရဲ့ပုံကို ပေါ်စေတာပါပဲ။

သူ့ရဲ့လက်ရာတွေကို နောက်ထပ်ခံစားချင်သေးတယ်ဆိုရင်တော့  Don Komarechka ရဲ့နာမည်ပေါ်မှာ နှိပ်ပြီး website ထဲကို ဝင်ကြည့်လို့ရနိုင်ပါတယ်နော်။

Don Komarechka Photography
Don Komarechka Photography

Penny

SHARE