Xbox ဂိမ်းတွေကို ဖုန်းနဲ့ ကစားနိုင်စေတော့မယ့် Project xCloud

Xbox ဗီဒီယိုဂိမ်းကို တီထွင်ခဲ့တဲ့ Microsoft ကုမ္ပဏီကနေ ယခုဆို သူတို့ရဲ့ ဗီဒီယိုဂိမ်းတွေကို device တိုင်းပေါ်မှာ ကစားနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ Project xCloud ကို ဖန်တီးလိုက်ပါပြီ။ Microsoft ရဲ့ ဒီ cloud service ဝန်ဆောင်မှုအသစ်ကြောင့် Xbox One က ဂိမ်းတွေကို ဖုန်းတွေ၊ PC တွေမှာ streaming လုပ်ပြီး ကစားနိုင်တော့မှာပါ။

ဖုန်းနဲ့ ချိတ်ပြီး ကစားပြတဲ့ နမူနာဗီဒီယိုမှာတော့ Forza Horizon 4 ကို စမ်းသပ်ကစားပြထားပါတယ်။ ဖုန်းနဲ့ Xbox One controller ကိုတော့ Bluetooth နဲ့ ချိတ်ဆက်ထားပါတယ်။

techcrunch

“အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ Project xCloud ကို သုံးနိုင်ပါတယ်” လို့ Microsoft ရဲ့ gaming cloud ပရောဂျက်ရဲ့ ခေါင်းဆောင် Kareem Choudhry က ဗီဒီယိုထဲမှာ ရှင်းပြထားပါတယ်။ Choudhry က xCloud ကို အွန်လိုင်းသီချင်းနားထောင်တဲ့ Spotify လို app မျိုးနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ အကောင့်ရှိရင် ကွန်ပြူတာမှာ ဝင်ဝင်၊ ဖုန်းနဲ့ ဝင်ဝင် အသုံးပြုလို့ ရသလို xCloud လည်း ထိုနည်းတူ ဖြစ်ပါတယ်တဲ့။

READ
မိုဘိုင်းအင်တာနက်အမြန်ဆုံးနိုင်ငံအဖြစ် UKထိပ်ဆုံးမှရပ်တည်
Andriod Authority

xCloud ကိုတော့ ၂၀၁၉ ဒုတိယနှစ်ဝက်အတွင်း gamer တွေလက်ထဲ ရောက်လာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref: The Verge, Tech Crunch

SHARE