ဂျာမန်အနုပညာလောကကို လှုပ်ကိုင်နှိုးခဲ့တဲ့ မူလတန်းကျောင်းသားလေး

instagram/mikails_galerie

(၂၀၁၂) ခုနှစ်မှာ မွေးဖွားတဲ့ မီကေးအက်ကာဟာ အသက် (၈) နှစ်အရွယ်သာ ရှိသေးတဲ့ မူလတန်းကျောင်းသားလေးပါ။ ဒါပေမယ့် သူ့ရဲ့ ပန်းချီလက်ရာဟာ ပါရမီရှင်တစ်ဦးရဲ့ လက်ရာလို့ ဆိုနိုင်တာကို yahoo သတင်းကနေ ဖော်ပြပေးလိုက်ပါတယ်။ ပြုံးဖြီးဖြီးနဲ့ တွေ့ရတဲ့ မီကေးက သူဟာ ပရိုဖက်ရှင်နယ် ဘောလုံးအားကစားဖြစ်ချင်တယ်လို့ ဆိုပါတယ်။

ဘောလုံးကစားသမားဖြစ်ချင်ပေမယ့် မီကေးက ပန်းချီဘက်မှာ အရမ်းကို ထူးချွန်နေတာပါ။ သူဟာ တစ်ကမ္ဘာလုံးက ပန်းချီအနုပညာရှင်တွေကို မုန်တိုင်းတစ်ခုလို လှုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို မူလတန်းပီကာဆိုလို့တောင် နာမည်ပေးထားကြပါတယ်။

အက်ကာရေးဆွဲတဲ့ ပန်းချီကားတွေကို ကမ္ဘာတစ်လွှားမှာ ဒေါ်လာထောင်နဲ့ချီပြီး ရောင်းချနေပါပြီ။ သူ့ပန်းချီကားတွေကို ဂျာမနီ၊ ပြင်သစ်နဲ့ အမေရိကန်က ပညာရှင်တွေကလည်း စိတ်ဝင်စားကြပါတယ်။ အက်ကာရဲ့ ဖခင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ ကီရမ်မ်အက်ကာကတော့ မီကေးရဲ့ အဖိုးတန်အရည်အချင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက သတိပြုမိခဲ့တာပါ။

READ
လက်မပါလာပေမယ့် ပထမဦးဆုံး ခြေထောက်နဲ့လေယာဉ်မောင်းနိုင်ခဲ့တဲ့ အမျိုးသမီး

မီကေး အသက် (၄) နှစ်ပြည့်မွေးနေ့မှာ ကီရမ်မ်က သားဖြစ်သူကို မွေးနေ့လက်ဆောင်အနေနဲ့ ကင်းဗတ်စ်ရွက်တွေနဲ့ အရောင်ခြယ်ဆေးတွေ ၀ယ်ပေးခဲ့တာပါ။ သားဖြစ်သူဆီမှာ ကားတွေနဲ့ စက်ရုပ်လို အရုပ်တွေများနေပြီဖြစ်တဲ့အတွက် ကီရမ်မ်က ပန်းချီပစ္စည်းတွေ ၀ယ်ပေးဖို့ စိတ်ကူးရခဲ့တာပါ။

မီကေးရဲ့ ပထမဆုံးရုပ်ပုံကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ကီရမ်မ်ကိုယ်တိုင်တောင် မီကေးဆွဲတဲ့ ပုံကို ဇနီးသည်ဆွဲတယ်ပဲ အစတုန်းက ထင်ခဲ့မိတာ ဖြစ်ပါတယ်။ “စစချင်း သားရေးတဲ့ ပန်းချီက ကောင်းနေတာတွေ့ရတော့ ကျွန်တော်က သူ့အမေဆွဲတာ၊ ဒါတိုက်ဆိုင်တာပဲ ဖြစ်ပါလိမ့်မယ်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် နောက် ဒုတိယမြောက် ပုံတွေ၊ တတိယမြောက် ပုံတွေဆွဲခိုင်းတဲ့အခါမှာလည်း ဒီလိုပဲ လက်ရာကောင်းနေတာပဲ။ ဒါကြောင့် သားလေးမှာ ပါရမီရှိတယ်ဆိုတာ ကျွန်တော်သတိပြုမိခဲ့တာ…”

READ
Single ဖြစ်ရတာကို လုံးဝမရှက်သင့်တဲ့ အကြောင်းအရင်း(၅)ခု

မီကေးဟာ ကိုယ်ပိုင်ပန်းချီရေးတဲ့ နည်းသစ်တစ်ခုကိုတောင် ထွင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒါကတော့ သူ့ဖခင်ရဲ့ လက်ဝှေ့ထိုးတဲ့ လက်အိတ်တွေနဲ့ ကင်းဗတ်စ်ကို ထိုးပြီး ဆေးခြယ်တာပါ။ မီကေးကတော့ သူအရွယ်ရောက်လာတဲ့အခါ ဘောလုံးသမားဖြစ်ချင်ကြောင်း ဆိုခဲ့တဲ့အပြင် ပန်းချီဆွဲရတာ အချိန်ကုန်လွန်းတဲ့အတွက် သူကတော့ ငြီးငွေ့နေပြီဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE