လက်ဝှေ့ကြိုးဝိုင်းထဲ တစ်ကျော့ပြန်ဝင်လာဖို့ သေချာသွားပြီဖြစ်တဲ့ Mike Tyson

[email protected] miketyson

Mike Tyson လို့ ပြောလိုက်တာနဲ့ လူကောင်ထွားထွားကြီးနဲ့ လက်သီးကြီးကြီးကိုပဲ တော်တော်တော်များများ ပြေးမြင်ကြမှာ အမှန်ပါပဲ။ တစ်ချိန်တုန်းကတော့ လက်ဝှေ့လောကမှာ ပြိုက်ဘက်တိုင်း ကြောက်ခဲ့ရတဲ့ မိစ္ဆာကောင်ကြီး တစ်ကောင်ဆိုလဲ မမှားပါဘူး။ ၂၀၀၅ ခုနှစ်ကစပြီးတော့ လက်ဝှေ့လောကကို ကျောပေးပြီး အနားယူခဲ့တဲ့ Mike Tyson တစ်ယောက်ဟာ မကြာသေးခင်အချိန်က သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ လက်ဝှေ့ထိုးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်တွေကို တောက်လျှောက်တင်ခဲ့သိလု သူ့ပရိသတ်တော်တော်များများကလည်း Mike Tyson တစ်ယောက် လက်ဝှေ့လောကထဲ အမြန်ဆုံးပြန်ဝင်လာဖို့ မျှော်လင့်စောင့်စားနေခဲ့ပါတယ်။ အခုလည်း Mike Tyson ဟာ မကြာခင်အချိန်အတွင်း နာမည်ကြီးလက်ဝှေ့ချန်ပီယံ Roy Jones Jr. နဲ့ ထိုးသတ်မယ့် အချိန်နဲ့နေရာကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Mike Tyson နဲ့ Roy တို့ဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၈ ချီထိုးသတ်ကြမှာဖြစ်ပြီး နေရာကတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ Carson မြို့ရှိ Dignity Health Sports Park မှာပဲ ဖြစ်ပါတယ်။ Mike Tyson ဟာ အသက် ၂၀ ကျော်အရွယ်ကတည်းက လက်ဝှေ့လောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး တော်တော်ကြမ်းတဲ့ လက်ဝှေ့သမားတစ်ယောက်အဖြစ် သူ့ရဲ့ ပရိသတ်တွေက လက်ခံကြသလို ပြိုက်ဖက်တိုင်း ကြောက်ရွံရတဲ့ လက်ဝှေ့သမားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲ ၅၀ နိုင် ၆ ပွဲရှုံးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ ချန်ပီယံတစ်ယောက်ပါပဲ။ အဲဒီ ပွဲ ၅၀ နိုင်တဲ့အထဲမှာမှ ၄၄ ပွဲက ပြိုင်ဖက်ကို အလဲထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဒီလို လက်ဝှေ့လောကထဲတစ်ကျော့ပြန်ဝင်လာရတာ တော်တော်တော့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျွန်တော်နဲ့ ပထမဦးဆုံး ထိုးသတ်မယ့် Roy ကလည်း ၆၆ ပွဲနိုင် ၉ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ လက်ဝှေ့ချန်ပီယံတစ်ယောက်ပါ။ တော်တော်တော့ ကြိုးစားပြီး ထိုးရမယ်ဗျ။ ကျိန်းသေတာကတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ရေကုန်ရေခမ်းထိုးသတ်သွားမှာပါ” လို့ Mike Tyson က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE