အတိတ်အကြောင်းတွေပြန်ပြောရင်း အင်တာဗျူးအစီအစဉ်မှာငိုခဲ့တဲ့ မိုက်တိုင်ဆန်ကြီး

Instagram

မိုက်တိုင်ဆန်လို့ ကြားလိုက်တာနဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကြမ်းပေ့၊ ရမ်းပေ့ဆိုတာ လူထွားကြီးကို မျက်လုံးထဲ ပြေးမြင်ကြမှာပါ။ မျက်နှာမှာ တက်တူးနဲ့ ပြိုင်ဖက်ကို အနိုင်ရဖို့သာဆိုရင် ဘာပဲလုပ်ရ လုပ်ရဆိုတဲ့ တိုက်ခိုက်ရေးသမားကြီး။ သူက WBA လက်ဝှေ့ချန်ပီယံ ၊ WBC လက်ဝှေ့ချန်ပီယံဆုတွေအပြင် ၊ IBF (နိုင်ငံတကာဘောက်ဆင်အဖွဲ့ချုပ်)ကပေးတဲ့ ခါးပတ်ကိုပါ ရရှိထားသူဖြစ်ပြီး ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း (၅၈)ပွဲမှာ ပွဲ (၅၀)အထိ အနိုင်ရအောင် ထိုးသတ်နိုင်ခဲ့သူပါ။

သူက (၂၀၀၅)ခုနှစ်မှာ လက်ဝှေ့လောက ကနေ အနားယူသွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ တရားဝင် ဆေးခြောက်လုပ်ငန်းနဲ့ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်နေပြန်ပါပြီ။

 

 

View this post on Instagram

 

“How dare these mortals challenge me with their primitive skills” – #vintagetyson #fbf

A post shared by Mike Tyson (@miketyson) on

ဒီလို လူကောင်ကြီးကြီး၊ အသည်းမာမာနဲ့ တိုက်ခိုက်ရေးသမားကြီးက လွယ်လွယ်နဲ့ မျက်ရည်ကျတတ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါပေမယ့်လည်း မိုက်တိုင်ဆန် ကတော့ စကားပြောအစီအစဉ်တစ်ခုမှာ သူ့ရဲ့အတိတ်က နေ့ရက်တွေအကြောင်းပြောရင်း မျက်ရည်ကျခဲ့ပါတယ်။

READ
ဂျာမနီနဲ့ပွဲမှာ အ၀တ်အစားတွေ အကုန်ချွတ်ပြီး ကဲခဲ့တဲ့ အင်္ဂလန်ပရိသတ်

အဲဒီ အစီအစဉ်မှာ သူနဲ့အတူ အမေရိကန်လက်ဝှေ့ကျော်ကြီး ရှူးဂါး ရေး လီယိုနတ် လည်း ပါဝင်ခဲ့တာပါ။ ရှူးဂါး လို့ ကြိုးဝိုင်းထဲမှာ နာမည်ကျော်တဲ့ ရှူးဂါးရေးကတော့ သူ့ရဲ့ပုံစံအတိုင်း အေးအေးဆေးဆေးနဲ့ နွေးနွေးထွေးထွေးပါပဲ။

သူနဲ့ မိုက်တိုင်ဆန် တို့ဟာ တစ်ချိန်တုန်းက လက်ဝှေ့ကြိုးဝိုင်းနေ့ရက်တွေအကြောင်း ပြန်လည်ပြောဆိုကြရင်း မိုက်တိုင်ဆန်က သူဆိုးခဲ့မိုက်တဲ့အကြောင်းတွေကို ပြန်အပြောမှာ ငိုခဲ့တာဖြစ်ပါတယ်။

READ
သူငယ်ချင်းဖြစ်ချင်နေတဲ့ သရဲမလေးရဲ့ လိုက်လံခြောက်လှန့်မှုကို ခံနေရသည့် အမျိုးသမီး

ပရိသတ်တွေကတော့ မိုက်တိုင်ဆန်လို လူကြီးတစ်ယောက် စကားပြောရင်း ငိုနေတာ တွေ့ရတော့ အံ့အားသင့်ခဲ့ကြတာပါ။ သူ့ရဲ့ ငိုကြွေးနေတဲ့ ဗီဒီယိုလေးကို ကြည့်တဲ့သူ (၄)သန်းကျော် ရှိခဲ့ပြီး ပြန်လည်မျှဝေခဲ့တဲ့သူတွေကလည်း အများကြီးပါ။

https://twitter.com/i/status/1234201855674155014

အသက် (၅၃)နှစ်အရွယ် ရောက်နေပြီဖြစ်ပေမယ့် မိုက်တိုင်ဆန် တစ်ယောက် တစ်ကြိမ်တုန်းက ခါးသီးနေ့ရက်တွေကို မမေ့နိုင်သေးဘူးဆိုတာ ဒီ အင်တာဗျူးမှာ သိသာစေခဲ့ပြီး အဲဒီအချိန်တွေနဲ့ ပတ်သက်ရင် ခံစားနေရတုန်းပဲလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

 

SHARE