
လက်ဝှေ့သမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်လို့ တင်စားနိုင်မယ့် လက်ဝှေ့အကျော်အမော် Mike Tyson ကိုတော့ လူတိုင်းနီးပါး သိကြပြီး ဖြစ်မှာပါ။ လက်ဝှေ့လောကကနေ အနားယူခဲ့တာ ကြာပြီဖြစ်ပေမယ့် မကြာခင်အချိန်အတွင်းမှာ Mike Tyson ကို လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ပြန်လည်ထိုးသတ်တော့မှာကြောင့် Mike Tyson တစ်ယောက် လက်ဝှေ့ထိုးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်တွေကိုတော့ ပရိသတ်တော်တော်များများ Mike Tyson ရဲ့ Instagram မှာ တင်ထားတာကို တွေ့ကြပြီး ဖြစ်မှာပါ။
View this post on Instagram
Excited to be working with Chinatown Market. Follow @chinatownmarket to stay tuned.
ဒီလိုလက်ဝှေ့ပြန်ထိုးပြီး လေ့ကျင့်နေတယ်ဆိုတာကလည်း တစ်ခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Mike Tyson ဟာ လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်တဲ့ Roy Jones Jr နဲ့ California ပြည်နယ်၊ Carson မြို့မှာ ပြန်လည်ထိုးသတ်မယ်လို့ တရားဝင်ကြောညာခဲ့ပြီး ဖြစ်ပါတယ်။ အခု မကြာသေးခင်ကလည်း အင်တာဗျူးတစ်ခုမှာ Mike Tyson ဟာ လက်ဝှေ့ထိုးလေ့ကျင့်ပြီးရင် သူ့ခန္ဓာကိုယ်ဟာ အသားမကျတာကြောင့် နာကျင်မှုရဲ့ ဒဏ်ကို အိပ်ရာပေါ်မှာ တစ်ပတ်တိတိ လူလိမ့်နေအောင်ခံခဲ့ရပြီး ငိုပါငိုခဲ့ရကြောင်း အဆိုပါအင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
“အဓိကကတော့ ကျွန်တော့်ခန္ဓာကိုယ်ပါပဲ။ မနေ့တစ်နေ့ကမှ လက်ဝှေ့ထိုးပြန်လေ့ကျင့်တာဆိုတော့ တော်တော်လေးကို ပင်ပန်းရပါတယ်။ အဆိုးဆုံးက အရင်ကလောက် သွက်သွက်လက်လက်မရှိတော့တာကြောင့် အားနဲ့ လှုပ်ရှားလိုက်တိုင်း ခန္ဓာကိုယ်က မလိုက်နိုင်တော့တာပါ။ စိတ်သွားတိုင်း ကိုယ်မပါတော့တာပေါ့ဗျာ။ တစ်ခါတစ်ခါလက်ဝှေ့ထိုး လေ့ကျင့်ပြီးသွားရင် ကြွက်သားတွေက နာကျင်ကိုက်ခဲလွန်းလို့ အိပ်ရာထဲမှာ ငိုပါငိုရတယ်ဗျ။ တစ်ပတ်လောက်ကြာမယ်။ အဲဒီနောက်ပိုင်းမှ လူက တော်တော်နေသားကျသွားတာဗျ”လို့ Mike Tyson က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw