လူဝံနဲ့လက်သီးချင်း ယှဉ်ထိုးဖို့အတွက် တိရိစ္ဆာန်ရုံစောင့်ကို လာဘ်ထိုးခဲ့ဖူးတဲ့ Mike Tyson

Mike Tyson ဟာ IP Man 3 လို နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေမှာ ဝင်ရောက်သရုပ်ဆောင်ရုံသာမက လက်ဝှေ့လောကမှာလည်း မသိသူမရှိလှပါဘူး။ ဒီအပြင် Mike Tyson ကို တိရိစ္ဆာန်ချစ်မြတ်နိုးသူအဖြစ်လည်း အများက လက်ခံထားကြပါတယ်။

Instagram

Mike Tyson ရဲ့ အိမ်မှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလေ့မွေးထမရှိတဲ့ တိရိစ္ဆာန်မျိုးတွေ မွေးမြူထားပါသေးတယ်။ ကျားတွေ၊ ရှားပါးပြီး အရမ်းလှတဲ့ ခိုမျိုးစိတ်တွေကို မွေးမြူထားပါတယ်။

Instagram
Instagram

လူစိတ်ဝင်စားမှု ခံရအောင်ဆိုပြီး Mike Tyson ဟာ နယူးယောက်တိရိစ္ဆာန်ရုံမှ လူဝံတစ်ကောက်နဲ့ လက်သီးချင်းယှဉ်ထိုးဖို့အတွက် ကြံစည်ဖူးခဲ့တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ကြာပြီဆိုပေမယ့် အခုအချိန်မှ လူသိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Mike Tyson ဟာ ဇနီးဟောင်း Robin Givens နဲ့အတူတူ တိရိစ္ဆာန်ရုံသို့သွားစဉ် ဖြစ်ခဲ့တာပါ။

Pixabay

Mike Tyson နဲ့ Robin တို့ဟာ တိရိစ္ဆာန်ရုံသို့သွားလည်စဉ် လှောင်အိမ်ထဲမှာရှိတဲ့ အခြားလူဝံတွေကို အနိုင်လိုက်ကျင့်နေတဲ့ လူဝံတစ်ကောင်ကို သတိထားမိ ခဲ့ပါတယ်။ ဒါနဲ့ပဲ တိရိစ္ဆာန်ရုံလှောင်ချိုင့်ထဲ ထည့်ထားတဲ့ လူဝံနဲ့ ချိန်းပွဲထိုးချင်လို့ဆိုကာ အစောင့်ကို ပေါင် (၉,၀၀၀) ပေးပြီး လဘ်ထိုးခဲ့ပါတယ်။ သို့ပေမယ့် အစောင့်က မဖွင့်ပေးတဲ့အတွက် အကြံအစည် မအောင်မြင်ခဲ့ပါဘူး။

READ
ကလေးတွေတက်စီးဖို့ ကျားကိုအတင်းအကြပ် ကြိုးတွေနဲ့ချည်ခဲ့တဲ့ ဆပ်ကပ်အဖွဲ့ဝင်များ
Instagram

၁၉၈၀ ကျော်ကျော်လောက်တုန်းကဆိုတော့ အဲဒီအချိန်တုန်းက Mike Tyson ဟာ အသက် (၂၀) ကျော်ခါစပဲ ရှိဦးမှာပါ။ Mike Tyson ဟာ အသက် (၂၀) ထဲနဲ့ heavyweight တန်းမှာ အနိုင်ရရှိခဲ့ကာ ၁၉၈၅ မှာတော့ WBC ချန်ပီယံအဖြစ် အသိအမှတ်ပြုခြင်းခံရပြီး ၁၉၉၀ မှာတော့ ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ပါတယ်။

Instagram
Instagram

Source: Unilad, The Sun

Penny

SHARE