ကိုယ့်သားသာဆိုရင် Micheal Jackson နဲ့လုံးဝမလွှတ်ထားဘူးလို့ ဖွင့်ပာခဲ့တဲ့ Mike Tyson

Pop လောကရဲ့ ဘုရင်လို့ တင်စားနေဆဲဖြစ်တဲ့ Micheal Jackson ဟာဆိုရင်တော့ ၂၀၀၉ ခုနှစ်မှာ မူးယစ်ဆေးလွန်သွားမှုဖြင့် ကွယ်လွန်ခဲ့ပါတယ်။ Micheal Jackson ဟာ ဂီတလောကမှာ သူ့ရဲ့ သူမတူအောင်ပါရမီထူးကဲပုံတွေကြောင့် နာမည်ကျော်ကြားခဲ့သလို ဖုံးကွယ်ထားခဲ့တဲ့ အတိတ်ဆိုးတွေလည်း ရှိနေခဲ့တာကို အားလုံးသိပြီးလောက်ပြီထင်ပါတယ်။

Shutterstock

Micheal Jackson music tour လုပ်ခဲ့တုန်းက အသက် (၁၀) နှစ်ပတ်ဝန်းကျင် သူ့ရဲ့ပရိတ်သက်ကောင်လေးတွေကို ရွေးပြီး tour တစ်လျှောက်လုံး သူသွားသမျှနေရာတွေကို ခေါ်သွားခဲ့ဖူးပါတယ်။ အတိတ်ဆိုးတွေကတော့ အဲဒီကောင်လေးတွေကို Micheal Jackson ဟာ လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေပါပဲ။

ထင်မြင်ချက်နဲ့ပြောနေတယ်လို့ တချို့ကတော့ ထင်ကြေးပေးနေကြပေမယ့် တကယ်ခံခဲ့ရတဲ့ ကာယကံရှင်တွေကိုယ်တိုင်ကိုက ဖွင့်ချခဲ့တဲ့အတွက် သက်သေများနဲ့တကွ ထွက်ပေါ်လာခဲ့ကြတာပါ။ ဒီအကြောင်းတွေကို ဖြစ်ရပ်မှန်မှတ်တမ်းတင်ဗီဒီယိုအဖြစ် Leaving Neverland နာမည်နဲ့ HBO ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပါတယ်။

READ
ချစ်သူကို အသားလိပ်တွေနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ဒီသတင်းတွေဟာ Micheal Jackson မသေဆုံးခင်ကတည်းက သို့လောသို့လောထွက်ပေါ်နေတာဖြစ်ပြီး တရားရုံးအထိရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Micheal Jackson ရဲ့ မိတ်ဆွေအရင်းဖြစ်သူ Mike Tyson ကို ရေဒီယိုတစ်ခုမှ ထင်မြင်ချက်ပေးခိုင်းခဲ့ပါတယ်။ Mike Tyson ရဲ့အဖြေကတော့ Micheal Jackson ကိုချည်း အပြစ်မတင်ဘဲ မိဘတွေကိုလည်း အပြစ်တင်သင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

Instagram / Mike Tyson

Micheal Jackson ရဲ့ကိစ္စတွေ ကြားပြီးနောက်ပိုင်းကတည်းက Mike Tyson ဟာ အဲဒီအချိန်တုန်းက ၈ နှစ်ဝန်းကျင်သာရှိသေးတဲ့ သူ့ကလေးနှစ်ယောက်လုံးကို Micheal Jackson နဲ့ မသိမသာ ဝေးဝေးနေခိုင်းခဲ့ပါတယ်။ Mike Tyson ပြောသွားတာရှင်းရှင်းပါ။ ဘယ်လောက်ပဲနာမည်ကြီးကြီး လိင်တူပဲဖြစ်ဖြစ် ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်ဆီကို ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ ကလေးတစ်ယောက်ကို စိတ်ချလက်ချနဲ့ ဘယ်လိုမိဘမျိုးက ထည့်နိုင်ကြသလဲတဲ့။ နောက်ပြီး တစ်ရက်တည်းလည်း မဟုတ်ဘဲ ညအိပ်ညနေကိုမှ တော်တော်လေးကို ကြာပါတယ်။

READ
ကျောင်းဆရာပြန်လုပ်ဖို့ စဉ်းစားနေတဲ့ အလီဘာဘာလုပ်ငန်းစု တည်ထောင်သူ Jack Ma
YouTube

အဖြေကရှင်းရှင်းလေးပါ။ မိဘတွေကလည်း ဒီသတင်းတွေကို ကြားရဲ့သားနဲ့ Micheal Jackson ဆီကနေ ငွေသားတွေ၊ စိန်ထည်ပစ္စည်းတွေ၊ တန်ဖိုးကြီး လက်ဝတ်လက်စားတွေရပြီး ထောက်ပံ့ကြေး အမည်တပ်ကာ ပိုက်ဆံတွေတော်တော်များများ ပေးနေတဲ့အတွက်ကြောင့်သာ နှုတ်ဆိတ်နေခဲ့ရတာ မဟုတ်လားဆိုပြီး Mike Tyson ကတော့ မေးခွန်းထုတ်သွားခဲ့ပါတယ်။

Micheal Jackson ဆီမှာအပြစ်ရှိပေမယ့် Mike Tyson ပြောသွားသလိုပဲ မိဘတွေဟာလည်း ကိုယ့်သားသမီးကို ကိုယ်မဟုတ်တဲ့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့အချိန်မှာ မထည့်သင့်ပါဘူး။ Micheal Jackson ကတော့ လိင်တူကလေးများကို စွဲလန်းသူအဖြစ် နာမည်ကြီးသွားကာ ဒီပြစ်မှုကြောင့်ပဲ ဘဝတစ်လျှောက်လုံး ကြိုးစားပြီး အရယူခဲ့တဲ့ Pop ဘုရင်ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ပါပြီ။

Source: Daily Mail

Penny

SHARE