Trainer နဲ့ လေ့ကျင့်နေတုန်း ကြောက်မက်ဖွယ် လက်ဝှေ့စွမ်းကို ပြခဲ့တဲ့ Mike Tyson

[email protected] miketyson

လက်ဝှေ့သမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်လို့ တင်စားနိုင်မယ့် လက်ဝှေ့အကျော်အမော် Mike Tyson ကိုတော့ လူတိုင်းနီးပါး သိကြပြီး ဖြစ်မှာပါ။ လက်ဝှေ့လောကကနေ အနားယူခဲ့တာ ကြာပြီဖြစ်ပေမယ့် မကြာခင်အချိန်အတွင်းမှာ Mike Tyson ကို လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ နောက်တစ်ကြိမ် ထပ်မံမြင်တွေ့နိုင်မယ့် အခွင့်အရေးတစ်ခု ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒါကတော့ Mike Tyson နဲ့ နာမည်ကြီးလက်ဝှေ့ချန်ပီယံ Roy Jones Jr. တို့ဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ၈ ချီထိုးသတ်ကြမှာဖြစ်ပြီး နေရာကတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ Carson မြို့ရှိ Dignity Health Sports Park မှာပဲ ဖြစ်ပါတယ်။

 

 


 

November 28th on PPV #TysonJones


ဒါ့ကြောင့်လည်း အခုနောက်ပိုင်းမှာ Mike Tyson ဟာ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ Training ဆင်းနေတဲ့ ဗီဒီယိုတွေ တောက်လျှောက်တက်လာပြီး သူလက်ဝှေ့လောကထဲကို တစ်ကျော့ပြန်ဝင်လာမယ့်အကြောင်းကိုလည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ပြိုင်ဖက်တွေကို အတိအလင်း ကြေညာခဲ့ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Mike Tyson နဲ့ သူ့ရဲ့ ကိုယ်ပိုင် Trainer တစ်ဖြစ်လဲ နာမည်ကြီး လက်ဝှေ့နည်းပြဖြစ်သူ Rafel Cordeiro နဲ့ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ Training ဆင်းနေတာကြီးက တော်တော်လေးကြောက်ဖို့ ကောင်းလွန်းလှပါတယ်။

READ
ဒစ်စနီ theme park ထဲက ပစ္စည်းတွေကို ခိုးထုတ်ပြီးရောင်းစားခဲ့တဲ့ ၀န်ထမ်းဟောင်း

 

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Mike Tyson ရဲ့ ပြင်းထန်လှတဲ့ ဝိုက်လက်သီးတစ်ချက်က Rafel ရဲ့ မျက်နှာကြီးကို ထိသွားတာ တော်ရုံလူလို မေ့လဲသွားနိုင်လောက်ပါတယ်။ ကျိန်းသေတာကတော့ Mike Tyson ရဲ့ ဒီလိုမျိုး ဗီဒီယိုတွေ တက်လာလေလေ Roy Jones Jr. နဲ့ ထိုးသတ်မယ့် လက်ဝှေ့ပွဲက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာလေလေ ဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ကတော့ အကောင်းဆုံးကြိုးစားပြီး အတက်နိုင်ဆုံး ထိုးသတ်သွားမှာပါ။  ပြီးတော့ ကျွန်တော်နဲ့ ပထမဦးဆုံး ထိုးသတ်မယ့် Roy ကလည်း ၆၆ ပွဲနိုင် ၉ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ လက်ဝှေ့ချန်ပီယံတစ်ယောက်ပါ။ ကျိန်းသေတာကတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ရေကုန်ရေခမ်းထိုးသတ်သွားမှာပါ” လို့ Mike Tyson က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာ့လှည့် သုတ်ရေလှူဒါန်းပြီး ကလေး(၂၆)ယောက်မွေးထားနိုင်ခဲ့တဲ့ သခ်ာၤဆရာ

 

 

View this post on Instagram

 

Anything worth it isn’t easy. #tysonjones @legendsonlyleague @trillervids September 12th, 2020

A post shared by Mike Tyson (@miketyson) on

Pyi Hein Kyaw

SHARE