
Mike Tyson လို့ ပြောလိုက်တာနဲ့ လူကောင်ထွားထွားကြီးနဲ့ လက်သီးကြီးကြီးကိုပဲ တော်တော်တော်များများ ပြေးမြင်ကြမှာ အမှန်ပါပဲ။ တစ်ချိန်တုန်းကတော့ လက်ဝှေ့လောကမှာ ပြိုက်ဘက်တိုင်း ကြောက်ခဲ့ရတဲ့ မိစ္ဆာကောင်ကြီး တစ်ကောင်ဆိုလဲ မမှားပါဘူး။ ၂၀၀၅ ခုနှစ်ကစပြီးတော့ လက်ဝှေ့လောကကို ကျောပေးပြီး အနားယူခဲ့တဲ့ Mike Tyson တစ်ယောက်ဟာ မကြာသေးခင်အချိန်ကပဲ လက်ဝှေ့လောကထဲကို တစ်ကျော့် ပြန်ဝင်လာကာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က လက်ဝှေ့ချိန်ပီယံဟောင်းတစ်ဦး ဖြစ်တဲ့ Roy Jones Jr. နဲ့ ထိုးသတ်ခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ Mike Tyson နဲ့ Roy Jones Jr. တို့ဟာ ၈ ချီတိတိ ရေကုန်ရေခမ်း ထိုးသတ်ခဲ့ကြကာ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့တဲ့ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ နှစ်ဖက်စလုံး အနိုင်အရှုံးမပေါ်ပဲ သရေပွဲစဉ်အဖြစ်သာ ပြီးဆုံးခဲ့တာကြောင့် နှစ်ဖက် ပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။ ပွဲပြီးတဲ့ အချိန်မှာလည်း Mike Tyson တစ်ယောက် ပရိသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးလိုက်၊ လက်မှတ်တွေ ထိုးပေးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ ပရိသတ်ထဲက တစ်ယောက်က Mike Tyson နဲ့ ထိုးသတ်ချင်ကြောင်း လှမ်းအော်ပြောခဲ့ကြောင်း nzherald သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Mike Tyson တစ်ယောက်ကတော့ အဆိုပါ ပရိသတ်အား သူနဲ့ ထိုးသတ်လို့ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးသွားနိုင်ကြောင်း၊ ဒါ့ကြောင့် သူ့အနေနဲ့ မထိုးသတ်နိုင်ကြောင်း အရွှန်းဖောက်ပြီး ပြောဆိုခဲ့ပါတယ်။ ခဏအကြာမှာတော့ ရုတ်တရက် အဆိုပါ အမျိုးသားပရိသတ်ဟာ လူအုပ်ကြားထဲကနေ ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး Mike Tyson ကို လက်သီးနဲ့ ဝင်ထိုးခဲ့ပါတယ်။ Mike Tyson ရဲ့ အဖွဲ့က လူတွေဟာ အဆိုပါ အမျိုးသားကို ချုပ်နှောင်ပြီး ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw