လက်ဝှေ့ကြိုးဝိုင်းထဲကို တစ်ကျော့ပြန်ဝင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ Mike Tyson

[email protected]

လက်ဝှေ့သမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်လို့ တင်စားနိုင်မယ့် လက်ဝှေ့အကျော်အမော် Mike Tyson ကိုတော့ လူတိုင်းနီးပါး သိကြပြီး ဖြစ်မှာပါ။ လက်ဝှေ့လောကကနေ အနားယူခဲ့တာ ကြာပြီဖြစ်ပေမယ့် မကြာခင်အချိန်အတွင်းမှာ Mike Tyson ကို လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ နောက်တစ်ကြိမ် ထပ်မံမြင်တွေ့နိုင်မယ့် အခွင့်အရေးတစ်ခု ပေါ်လာပြီဖြစ်ပါတယ်။ ရသမျှ လက်ဝှေ့ထိုးခတွေကို ပရဟိတလုပ်ငန်းတွေဆီကို လှူဒါန်းမယ့် Mike Tyson ဟာ မကြာခင်အချိန်အတွင်း လက်ဝှေ့လောကထဲ ပြန်ဝင်ဖို့ လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို Instagram မှတစ်ဆင့်တင်ပြီး သူ့ပရိသတ်တွေကို အသိပေးခဲ့ကြောင်း cbs sports သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Training smarter every day. @smartcups SmartCups.com

A post shared by Mike Tyson (@miketyson) on

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Mike Tyson ရဲ့ လက်သီးတွေဟာကတော့ ကြောက်ခမန်းလိပါပဲ။ အသက်နဲ့ မလိုက်အောင် လက်သီးထိုးချက်တွေက မြန်လွန်းတဲ့အပြင် အရမ်းကို အားပါ လွန်းလှပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကြိုးဝိုင်းထဲမှာ တစ်ချက်လောက်သာ Mike Tyson ရဲ့ လက်သီးချက်ကို မိမိရရ အထိုးခံလိုက်ရရင် ပြိုင်ဘက် လက်ဝှေ့သမားအတွက်တော့ တော်တော်မလွယ်ကူလောက်ပါဘူး။ သူနဲ့ပထမဆုံးပြန်ထိုးမယ့် လက်ဝှေ့သမားကတော့ တစ်ချိန်က သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီး Holyfield ပါပဲ။

READ
ဆောင်ဂျွန်ကီနဲ့ပတ်ဘိုဂန်တို့လို အောင်မြင်လာမယ့် အသက်(၂၀)အရွယ်ကောင်လေး

ဒီပြိုင်ပွဲကိုတော့ တော်တော်များများ သိကြအုံးမှာပါ။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ Nevada ပြည်နယ်၊ Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ Mike Tyson နဲ့ Holyfield တို့ရဲ့ ပွဲစဉ်ဟာ Mike Tyson ရဲ့ တစ်သက်မမေ့နိုင်စရာ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ Mike Tyson တစ်ယောက် Holyfield နဲ့ မထိုးသတ်ခင် အရှေ့တောက်လျှောက်မှာ ရှုံးပွဲမရှိ စံချိန်တင်ခဲ့ပြီး အဲဒီပွဲမှာမှ Holyfield ကို ရှုံးနိမ့်ခဲ့ရတာပါ။ Mike Tyson တစ်ယောက် Holy Field ကို ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းကလည်း လက်ဝှေ့ထိုးသတ်နေတုန်းမှာ Mike Tyson ဟာ ပြိုင်ဘက်ကစားသမား Holyfield ရဲ့ နားရွက်ကို ကိုက်ဖြတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ရှုံးနိမ့်ပြီး သိပ်မကြာခင်မှာပဲ Mike Tyson ဟာ လက်ဝှေ့လောကကနေ အနားယူခဲ့တာပဲ ဖြစ်ပါတယ်။

“လက်ဝှေ့ပြန်ထိုးရမယ်ဆိုတဲ့ အသိရယ်၊ Training ဆင်းထားတဲ့ အရှိန်တွေကြောင့်ရယ်တော့ ကျွန်တော်အခုတလော တော်တော်နေလို့ထိုင်လို့ ကောင်းနေပါတယ်။ ကျွန်တော်ထိုးတဲ့ ပွဲတစ်လျှာက် ရတဲ့ငွေတွေအားလုံးကိုလည်း ပရဟိတလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် ပရိသတ်တွေ စောင့်ရကျိုးနပ်အောင် ကျွန်တော်ထိုးသွားမှာပါ” လို့ Mike Tyson က ပြောကြားခဲ့ပါတယ်။

READ
သရုပ်ဆောင်ဘဝကအနားယူပြီး လယ်တောထဲမှာ နေချင်တယ်လို့ ဖွင့်ဟခဲ့တဲ့ မင်းသမီး

Pyi Hein Kyaw

SHARE