ဂျပန်ရိုးရာ ဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်၌ ပါဝင်ဆင်နွဲသူများ ထိခိုက်ဒဏ်ရာရရှိ

Instagram/yanotaku_1106

ဂျပန်နိုင်ငံရဲ့ရိုးရာဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်တွေဟာ ကမ္ဘာတစ်လွှားမှာအလွန်ကျော်ကြားသလို အန္တရယ်လည်းအတော်များပါတယ်။ 

အဆိုပါပွဲတော်တွေမှာဆိုရင်ဖြင့် ပါဝင်ဆင်နွဲသူတွေဟာ Mikoshi ခေါ် ရွှေ့လျားနိုင်ပြီးကြိုးနဲ့ ဆွဲရတဲ့သစ်သားဗိမာန်တွေကိုလူပေါင်းများစွာ ကသူတို့ရဲ့ပခုံးပေါ်မှာကြိုးကိုတင်ပြီး လမ်းမအလယ်မှာဆွဲကာ ကောက်ပဲသီးနှံတွေပိုမိုတိုးပွားစေဖို့ ဆုတောင်းသံပြိုင် တွေကိုရွတ်ဆိုကြပြီးဆင်နွှဲကြတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒေသတစ်ခုနဲ့တစ်ခုကြား ပွဲတော်ဆင်နွှဲပုံချင်းအနည်းငယ်ကွာခြားမှုရှိပေမဲ့ အဆိုပါပွဲတော်နဲ့ပက်သက်ပြီးကျော်ကြားလှတဲ့ ဂျပန်နိုင်ငံအနောက်ပိုင်း Kansai ဒေသမှာတော့ Danjiri လို့ခေါ်တဲ့သစ်သားဗိမာန်တွေကိုအသုံးပြုကြပါတယ်။ အဆိုပါ သစ်သားဗိမာန်တွေဟာ ဗိမာန်တစ်ခုချင်းစီအလိုက် ရှေးဟောင်းတိုက်ပွဲပုံရိပ်တွေကို သစ်သားကိုထွင်းပြီး အသေးစိတ်ပုံဖော်ထားပါတယ်။ ထိုသစ်သားဗိမာန်များဟာ၁၄မီတာ(၄၆ပေ)ခန့်မြင့်ကာ အရွယ်အစားပေါ်မူတည်ပြီးလေးတန် အထိလေးနိုင်ပါတယ်။

 

ဗိမာန်တစ်ခုချင်းစီတိုင်းကို သူ့နေရာဒေသအလိုက် အကောင်းဆုံး လက်သမားဆရာတွေနဲ့ ပုံဖော်ထားကြပါတယ်။ အဆိုပါဗိမာန်တွေဟာ အလွန်လှပသလို အန္တရာယ်လည်း အလွန်များပါတယ်။ Danjiri ပွဲတော်တွေဟာ သူတို့ရဲ့ နှစ်စဉ်ထိခိုက်ဒဏ်ရာရရှိသူများပြားမှုကြောင့်လည်း နာမည်တော်တော်ကြီးတာဖြစ်ပါတယ်။

ပါဝင်ဆင်နွှဲသူများက လာရောက်ကြည့်သူတွေနဲ့ရှုပ်ထွေးလှတဲ့ လမ်းမပေါ်မှာ ဗိမာန်တွေကို အရှိန်အဟုန်ပြင်းပြင်း ဆွဲကာပြေးလေ့ရှိပါတယ်။ထိခိုက်ဒဏ်ရာရှိသူတွေထဲမှာ အထူးသဖြင့် ဗိမာန်ရဲ့အမိုးပေါ်မှာ ကခုန်သူများကလည်းအပါအဝင်ဖြစ်ပါတယ်။

 

 

View this post on Instagram

 

だんじり祭り! #だんじり祭り #写真好きな人と繋がりたい #写真

A post shared by たくみ (@yanotaku_1106) on

ဒီလိုအချိန်ကာလဟာ ဂျပန်နိုင်ငံမှာ နှစ်စဉ်ဆင်နွှဲနေကြအဆိုပါ Danjiri ပွဲတော်တွေကိုဆင်နွှဲနေကြတဲ့အချိန်ကာလဖြစ်ပါတယ်။ ယခုနှစ်ပွဲတော်ချိန်ခါမှာလည်း Osaka ဒေသ Sakai မှာကျင်းပတဲ့ပွဲတော်အတွင်းမတော်တဆမှုတစ်ခုမှာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

 

READ
ပိုပြီး နေပျော်စရာကောင်းတဲ့ လူမှုဘ၀တွေဆီ ဦးတည်နေပြီဖြစ်တဲ့ ယနေ့ကမ္ဘာကြီး

အထက်ပါ video မှာတော့မြင်တွေ့ရတဲ့အတိုင်း ပါဝင်ဆင်နွှဲသူတွေဟာ လမ်းမအဖြောင့်တွေထက် အချိုးအကွေ့တွေမှာ အရှိန်ပိုမိုများပြားလေ့ရှိတာကိုတွေ့မြင်ရမှာပါ။ Yarimawashi လို့ခေါ်တဲ့ အဆိုပါ အချိုးအကွေ့တွေကိုဒီပွဲတော်တွေရဲ့ရင်ခုန်စရာအကောင်းဆုံးအစိတ်အပိုင်းတစ်ခုအဖြစ်လည်းလာရောက်ကြည့်ရှုသူများကသတ်မှတ်ထားကြပါတယ်။ 

အဲဒီအချိုးအကွေ့​တွေဟာ အလွန်အန္တရာယ်များသလောက် ပါဝင်ဆင်နွှဲသူများ၊လာရောက်ကြည့်ရှုသူများနှင့် အမြဲတစေ စည်ကားလျက်ရှိပါတယ်။ မတော်တဆမှုမှာတော့ သစ်သားဗိမာန်တစ်ခုဟာ အကွေ့တစ်ခုအရောက်မှာအရှိန်လွန်ပြီး ဓါတ်တိုင်ကိုဝင်ရောက်တိုက်မိခဲ့တာပါ။လူငါးဦးဒဏ်ရာရရှိခဲ့ကာဆေးရုံသို့ ပို့ဆောင်ခဲ့ရပါသေးတယ်။

 

ထို့နောက် တာဝန်ကျရဲများရဲ့အဆိုအရ ပါဝင်ဆင်နွှဲသူ အနည်းဆုံး အမျိုးသား သုံးဦး အသေးစားဒဏ်ရာများရှိခဲ့ပြီး လာရောက်ကြည့်ရှုသူအမျိုးသမီးတစ်ဦးကတော့ ခြေထောက်ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီလိုထိခိုက်မှုများနှစ်စဉ် ဖြစ်ပွားလာတာနဲ့အမျှ ပြည်သူတွေရဲ့စိုးရိမ်မှုတွေဟာလည်းတဖြည်းဖြည်းနဲ့ ပိုမို တိုးပွားလာပါတယ်။ ဘာပဲဖြစ်ဖြစ်နယ်ခံတွေအနေနဲ့ကတော့ ဒီပွဲတော်ဟာ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်ရာတစ်ခုလည်းဖြစ်တာတစ်ကြောင့် ဒီပွဲတော်ကိုတော့ ရပ်တန့်ဖို့အစီအစဉ်မရှိပါဘူးလို့ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE