ယူကရိန်းနိုင်ငံ Vinnitsa မြို့က အမျိုးသမီး Mila Povoroznyuk က တော့ အရင်ခေတ်ဟောင်းက အ၀တ်အစားတွေကိုပဲ နေ့တိုင်း ၀တ်စားပြီး နေထိုင် နေပါတယ်။ဒီနေ့ခေတ်မှာ ၀တ်စရာ ဖက်ရှင်တွေ၊အ၀တ်အစားတွေ အများကြီး ရှိ နေပေမယ့် လည်း သူမက တော့ ထူးထူးခြား ခြား ဆိုသလို ပါ ပဲ အခုလို ၀တ်စားနေရတာကိုမှ ပျော်မွေ့ နေတာပါ။ဖက်ရှင်ရေစီးကြောင်း ဘယ်လိုပဲ ပြောင်း ပြောင်း Mila Povoroznyuk က တော့ အရင် ခေတ်က အတိုင်းပဲ ၀တ်စားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့ အကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
View this post on Instagram
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စပြီးမှ အခုလို ဖြစ်သွားတာပါ။ဒီနေ့ခေတ် အ၀တ်အစားတွေကို ဗီရို ထဲက နေ ဖယ် ထုတ် ပြီး ခေတ် ဟောင်း အ၀တ်အစားတွေကို အစားထိုး ခဲ့ပါတယ်။ရှည်လျားတဲ့ Dress တွေ၊Corset ကြီးတွေကို ၀တ်ပြီး နေ ဖို့ကို ရွေးချယ် ခဲ့ပါတယ်။ Mila က တော့ ဒီိလို ၀တ်ရတာ ကြိုက်တယ်၊သူမ အတွက် တော့ ဒီလို ၀တ်နေရတာ အရမ်းသက်သောင့် သက်သာ ရှိတာပဲ လို့ ပြော ခဲ့ ပါတယ်။
View this post on Instagram
အရင်ဆုံးက vintage blouse ၊ပြီးတော့ စကပ် ကို စမ်းဝတ်ကြည့်ရာ ကေ န နောက်ပိုင်းတော့ လုံးဝ ကို ၀တ်စုံ ပြည့် စတိုင် အပြည့် နဲ့ ဖြစ်သွားတာပါ။အရင်တည်းက ၁၉၁၇ နဲ့ ၁၉၃၀ ကြားက အ၀တ်အစားတွေကို ၀တ်ရတာ ကြိုက်တာပါ။လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက သမိုင်း ကြောင်း ပြန်လည် ဖော်ထုတ်ရေး Club ထဲကို ၀င်ခဲ့ပါတယ်။အဲ့ဒီမှာပဲ အမျိုးမျိုးသော ပွဲတော်တွေ အတွက် ခေတ် ဟောင်း အ၀တ်အစားတွေကို ချုပ်ဖို့ အခွင့်အ ရေ ရခဲ့တာပါ။
View this post on Instagram
Mila Povoroznyuk မှာတော့ ဒီလို အ၀တ်အစားမျိုး တစ်ရာ ကျော် အထိ ရှိသွားပါပြီ။အများစုက တော့ ၁၈ နဲ့ ၁၉ ရာစု အစောပိုင်း လောက် တုန်းက ဖက်ရှင်တွေ များပါတယ်။ Mila ၀တ်တဲ့ dress အရှည်ကြီးနဲ့ Stocking အရှည်ကြီးတွေက ညစ်ပတ် လွယ်ပါတယ်။ဒါ ကြောင့် အရေးပေါ် လိုအပ်ရင် လဲ လို့ရအောင် Stocking အပို ဆောင် ထားရတယ်လို့ သူမက ပြောပါတယ်။အမျိုးသမီး ၀တ်အကျီင်္ တွေနဲ့ ဖိနပ် တစ်ချို့ကိုတော့ အဟောင်းဆိုင် တွေ မှာ Mila က ရှာတာပါ။တခြား accessory တွေ အတွက် က တော့ လိုက်ပြီး စု ထား တာပါ။
View this post on Instagram
Mila Povoroznyuk က တော့ အခုဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ အရမ်း နာမည်ကြီးနေပြီး သူမ အကောင့်ကို Follow လုပ် တဲ့ follower အရေ အတွက်က တော့ 67.2k လောက် အထိ တောင်ရှိနေပါပြီ။သူမက တော့ေ ရှးဟောင်း အ၀တ်အစားတွေကို ကြိုက် ပြီး အရင် ခေတ်က ပုံမျိုးပဲ နေနေ တဲ့ ပထမဆုံးတော့ မဟုတ်ပါဘူး။1940 ခုနှစ်တွေ တုန်းကလို ပုံစံ မျိုး အတိုင်း နေ နေတဲ့ အင်္ဂလိပ်စုံတွဲ တစ်တွဲ လည်း ရှိပါတယ်။
View this post on Instagram
#SHWEMOM