Miley Cyrus နဲ့ Liam Hemsworth တို့ကတော့ လက်ထပ်ပြီး တစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ လမ်းခွဲလိုက်ပြီလို့ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ ၂၀၁၀ ခုနှစ်မှာ The Last Song ရုပ်ရှင်ကို ရိုက်ကူးရင်းနဲ့ စတင်ပြီး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ချစ်သူတွေ ဖြစ်ပြီးနောက်မှာလည်း မကြာခဏ ပြတ်ဆဲလိုက်၊ပြန်တွဲလိုက် ဖြစ်နေရာကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စေ့စပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ အခုအချိန်မှာ တစ်ယောက်တစ်လမ်းစီလျှောက်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ကိုယ့်ရဲ့ အလုပ်တွေအပေါ်မှာ အာရုံစိုက်တော့မှာဖြစ်တယ်လို့ ပြောလာတာဖြစ်ပါတယ်။


ဒါပေမဲ့လည်း Miley Cyrus နဲ့ Liam Hemsworth တို့ဟာ သူတို့ရဲ့ တိရစ္ဆာန်လေးတွေကိုတော့ အခုအချိန်အထိ မိဘတွေလို စောင့်ရှောက်နေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်ပြီး လေးစားမှုရှိပေးဖို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောသွားခဲ့ပါတယ်။ ဒီသတင်းကတော့ Miley Cyrus က သူမရဲ့ အင်စတာဂရမ်ပေါ်မှာ လက်ထပ် လက်စွပ် မဝတ်ထားတဲ့ ဓါတ်ပုံကို တင်လိုက်ပြီးနောက်မှာ ထွက်လာတာဖြစ်ပါတယ်။

Source: RTE