
အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး Rapper တစ်ဦးဖြစ်တဲ့ Lil Nas X ကိုတော့ လူငယ်ပရိသတ်တိုင်းလိုလို သိရှိကြမှာပါ။ သူနဲ့ Billy Ray တို့ရဲ့ Old Town Road သီချင်းဟာ တစ်ချိန်တုန်းကတော့ လူငယ်အများစုရဲ့ ပါးစပ်ဖျားမှာ အမြဲလိုလို ကြားခဲ့ရတဲ့အထိကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ Lil Nas တစ်ယောက်ကတော့ ငယ်ရွယ်သေးတဲ့အချိန်မှာ ဒီလောက်အထိ အေင်မြင်နေတယ်ဆိုတာကလည်း သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပဲလို့ ဆိုရမှာပါ။ အခုလည်း မကြာခင်အချိန်အတွင်းမှာ Lil Nas ဟာ Miley Cyrus နဲ့ သီချင်းအတူတူ တွဲလုပ်ဖို့ရှိကြောင့် ဖွင့်ပြောလာခဲ့ပါတယ်။
View this post on Instagram
အမှန်တစ်ကယ်ကတော့ Lil Nas နဲ့ Miley တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အစောပိုက်းကတည်းက သီချင်းအတူတူ တွဲလုပ်ဖို့ စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာ COVID 19 ကပ်ရောဂါဆိုးကြီးကြောင်း သူတို့နှစ်ယောက်ဟာ သီချင်းတွဲလုပ်ဖို့ အဆင်မပြေဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ သီချင်းအတူတူတွဲလုပ်ဖို့ အဆက်အသွယ်ရသွားခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်အချိန်အတွင်းမှာ နှစ်ယောက်သား collab လုပ်ထားတဲ့ သီချင်းတစ်ပုဒ်ဟာ ပရိသတ်တွေ အရှေ့မှောက်ကို ရောက်ရှိလာတော့မယ့်အကြောင်းကို Lil Nas က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၆.၁.၂၀၂၁)တုန်းက SiriusXM အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ Andy Cohen ရဲ့ Live မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
“အခုအချိန်အထိတော့ Miley နဲ့ အပြင်မှာ လုံးဝမတွေ့ဖူးသေးပါဘူး။ နှစ်ယောက်အတူတူ သီချင်းတွဲလုပ်ဖို့ ကိစ္စက တိုင်ပင်ထားတာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းကပါ။ ဒါပေမယ့် COVID 19 ကြောင့် နှစ်ယေက်သားသီချင်းလုပ်ဖို့ကိစ္စ အဆင်မပြေဖြစ်ခဲ့သလို ကျွန်တော်တို့နှစ်ယောက်လည်း အဆက်အသွယ်ပြတ်သွားခဲ့ကြပါတယ်။ အခုတော့ မကြာသေးခင်တုန်းက ကျွန်တော်နဲ့သူ စကားသေချာပြောဖြစ်ပါတယ်။ ကျိန်းသေတာတစ်ခုကတော့ မကြာခင်အချိန်အတွင်း ကျွန်တော်နဲ့ Miley တို့ရဲ့ collaboration သီချင်းတစ်ပုဒ်က ကျိန်းသေကို ထွက်ရှိလာတော့မှာပါ”လို့ Lil Nas X က Andy Cohen ကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw