မကြာခင်ထွက်မယ့် album အသစ်မှာ ပါဝင်မယ့်သူတွေကို ကြေညာခဲ့တဲ့ Miley Cyrus

Instagram @MILEYCYRUS

ကိုဗစ်ကာလအတွင်းမှာ အနုပညာလမ်းကြောင်းပေါ် မှတ်တိုင်တွေတစ်ခုပြီးတစ်ခု စိုက်ထူနေတဲ့ အနုပညာရှင်တွေအများကြီးပါပဲ။ အဲဒီအထဲ Miley Cyrus လည်း အပါအဝင်ပါပဲ။ သီချင်းခွေသစ်မထွက်တာ သိပ်ကိုကြာနေပြီဖြစ်တဲ့ Miley Cyrus အနေနဲ့ အခု သိပ်မကြာခင်မှာပဲ album အသစ်ကို ထွက်တော့မှာပါတဲ့။

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ Miley ဟာ သူမရဲ့ album အသစ်မှာ ပါဝင်တဲ့လူတွေနဲ့ ထွက်ရှိမယ့် နေ့တွေကို တိတိကျကျြေ့ကငြာလိုက်ခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီးတော့ ဒီ album တစ်ခုလုံးမှာ တကယ့်နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေ ပါဝင်လာဦးမှာဖြစ်တယ်မဆိုပြီး ပြောလာခဲ့ပါတယ်။

ဥပမာဆိုရရင် Billy Cyrus ကို Night Crawling မှာ နားဆင်ရမယ့်အပြင် Bad Karma မှာဆိုရင် Joan Jett နဲ့ Prisoner မှာ Dupa Lipa တို့က အသီးသီးမှ ပါဝင်သွားမှာပါ။

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)

သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်သွားမျာဖြစ်ပြိးတော့ ဒါဟာ Miley ကွာရှင်းပြီး ပထမဆုံးထွက်ခဲ့တဲ့ album ပဲဖြစ်ပါတယ်။ ၂ နှစ်လောက်နေမှ Miley ကိုအနုပညာလောကထဲ ထဲထဲဝင်ဝင်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအပြင် ဒီ album တစ်ခုလုံးဟာ သူမရဲ့ဘဝအကြောင်း ဖြစ်စဉ်အကုန်လုံးကို ပုံဖော်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)


penny

READ
ရိုးရိုးဖက်ရှင်လေးနဲ့လည်း လှနေတဲ့ ၀တ်မှုံရွှေရည်

 

SHARE