Miley Cyrus ကတော့ အခုဆိုရင် သူ့ထက် အသက် (၄)နှစ်ငယ်တဲ့ မောင်လေးနဲ့ တွဲနေပါတယ်။ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီး နောက်ပိုင်းမှာတော့ အသက် (၂၆)နှစ်အရွယ် Miley Cyrus ဟာ အသက် (၂၂)နှစ်အရွယ် သြစတြေလးလျ အဆိုတော် Cody Simpson နဲ့ တွဲ နေပါတယ်။သူတို့နှစ်ယောက်ကတော့ တွဲနေပြီလို့ တရားဝင် ကြေညာပြီး ပေါ်ပေါ် ထင် ထင် တွဲ နေတာပါ။ Liam Hemsworth ကတော့ Maddison Brown ဆိုတဲ့ မင်းသမီးနဲ့ ဟိုဟို ဒီဒီ အတွဲ ခုတ် နေပေမယ့် တွဲ နေပြီလို့ တော့ အခုထိ တရားဝင် ထုတ်မပြော သေူပါဘူး။


Miley Cyrus ရော Cody Simpson တို့ကပါ နှစ်ယောက်တွဲ စုံတွဲ ပုံတွေကို သူတို့ရဲ့ IG မှာ ပွင့်ပွင့်လင်းလင်းတင် ခဲ့ကြပါတယ်။Miley Cyrus ဆေးရုံတက်တုန်းကဆိုရင် Cody Simpson က ဆေးရုံထိ လိုက်လာပြီး ချစ်သူ မမ ကို ဂစ်တာတီး သီချင်းတွေ ဆိုပြပြီး အရမ်းကို ရိုခဲ့ပါတယ်။IG မှာ အရမ်းတွေ ရိုပြနေတာတွေကြောင့် ခင်ပွန်းနဲ့ လမ်းခွဲပြီး သိပ်မကြာသေးပဲ ခုလောက်ကြီးတွေ ရိုပြနေတဲ့ Miley Cyrus အပေါ် အွန်လိုင်းပေါ်မှာ ဝေဖန် ပြောဆိုတာတွေ လည်း ရှိခဲ့ပါတယ်။Miley Cyrus ကတော့ အခုဆိုရင် ချစ်သူရဲ့ မေမေ Angie Simpson ကိုပါ အမိ အရ အပိုင် ချုပ် ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။Angie နဲ့ အတူ ရိုက်ထားတဲ့ ပုံကို သူမရဲ့ IG Story မှာ တင်ခဲ့ပါတယ်။သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို Cody Simpson ရဲ့ အမေ ကိုယ်တိုင်ကပါ ကြည်ဖြူသဘော တူတယ်ဆိုတာကို ပြ ချင်တဲ့ အနေနဲ့ တင်လိုက်တာ လို့ ယူဆရပါတယ်။


IG မှာ တင်နေတဲ့ ပုံတွေ၊ဗီဒီယိုဖိုင် တွေ အရ သူတို့နှစ်ယောက်ဟာ တစ်အိမ်ထဲ Living Together နေနေ ကြတယ်လို့ လည်း သတင်းတွေ ထွက်နေပါတယ်။Cody ဟာ Miley အိမ်ကို ပြောင်းနေနေတယ်ဆိုပြီး သတင်းတွေ ထွက် နေတာပါ။ဒါပေမယ့် လက်မထပ်ပဲ အတူနေနေ ကြတဲ့ကိစ္စကိုတော့ Miley ရော Cody ကပါ တရားဝင် ထုတ်ပြော ၊အတည်ပြု တာမျိုးတော့ အခုထိ မရှိသေးပါဘူး။

(
)
Cody ကတော့ အခုဆိုရင် “Golden Thing” ဆိုတဲ့ သီချင်းသစ်တစ်ပုဒ် ထွက်ရှိထားပါတယ်။ဒီသီချင်း ကတော့ သူနဲ့ Miley တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး သိပ်မကြာခင်မှာ ထွက်ရှိလာခဲ့တာပါ။Miley က ဒီသီချင်းကို မြန်မြန် လက်စသတ်ဖို့ သူ့အပေါ် တွန်းအားပေးခဲ့ကြောင်း၊ဒီသီချင်းဟာ Miley အာသီးရောင်နေနတဲ့ အချိန်မှာ သူရေး ခဲ့တဲ့ သီချင်းလေးလို့ Cody က ပြောခဲ့ပါတယ်။ Miley အတွက် ရည်စူးရေးထားတဲ့ သီချင်းလေးပါ။
Source:.ibtimes