မိန်းမအချင်းချင်း မကြိုက်ပဲ ယောကျာ်းတွေနဲ့ ကြိုက်ဖို့ ပြောခဲ့တဲ့ Miley Cyrus

Instagram/MileyCyrus

Miley Cyrus သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်တဲ့ ကိစ္စတိုင်းကို အမြဲတမ်းပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။အရင်ကလည်း သူမနဲ့ Liam တို့ရဲ့ (၂)လပဲကြာခဲ့တဲ့ အိမ်ထောင်သက်တမ်းလေးအတွင်းမှာပဲ လိင်တူအချင်းချင်းကြိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး Vanity Fair မဂ္ဂဇင်းကို ပြောပြခဲ့ပါသေးတယ်။

YouTube/FoxNews

“ကျွန်မဘဝရဲ့ ဂုဏ်အယူရဆုံးနဲ့ ကျွန်မရဲ့တကယ့်ပင်ကိုယ်ပုံစံကတော့ ကျွန်မကိုယ်တိုင်ဟာ လိင်တူကြိုက်တဲ့သူဖြစ်နေရတာပဲ”လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမကပဲ “လူတော်တော်များများက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်၊ကြိုက်ကြတယ်၊ တကယ်တော့ ကျွန်မကြိုက်တယ်ဆိုတဲ့ ပုံစံကတစ်မျိုး။ ကျွန်မကတော့ အချစ်မှာ ယောက်ျားမိန်းမ မခွဲခြားထားဘူး။ ဘယ်သူက Gay။ ဘယ်သူက Lesbian။ အဲဒီလိုခွဲခြားတဲ့စိတ် ကျွန်မမှာ မရှိဘူး။ ကျွန်မတကယ်ချစ်တာက အဲဒီသူရဲ့ စိတ်ဝိဥာဉ်ပဲ။ ဆိုလိုတာ ကျွန်မကြိုက်တဲ့သူက လူသားတစ်ဦးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိရင်ရပြီ။ ကျန်တာ ကျွန်မအတွက် မလိုဘူး။ ကျွန်မ အဲလိုပြောရင် လူတော်တော်များများက ရယ်ကြလိမ့်မယ်။ သဘာဝတရားကြီးကို ဆန့်ကျင်တယ်ဆိုပီး ဝိုင်းပြောကြမယ်။ ငါမင်းကို ဥပမာတစ်ခုပြောပြမယ်။ အခုနောက်ပိုင်းလူတော်တော်များများက ကျန်းမာရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ သတ်သတ်လွတ်တွေစားလာကြတယ်။ဒါပေမယ့် ဝက်ဆားနယ်ခြောက်က စားလို့အရမ်းကောင်းတာကိုတော့ မင်းလက်ခံရမယ်” လို့ ရယ်ပြီးပြောကြားခဲ့ပါတယ်။

 

View this post on Instagram

 

clearly a boys bathroom.

A post shared by Miley Cyrus (@mileycyrus) on

ဒါပေမယ့် မကြာသေးခင်က Instagramမှာ Miley Cyrus တင်ခဲ့တဲ့ Livestream တစ်ခုနဲ့ ပတ်သတ်ပြီး တော်တော်လူပြောများစရာ ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Miley Cryus ဟာ အခုလက်ရှိမှာတော့ အဆိုတော် Cody Simpson နဲ့ တွဲနေပါတယ်။ Cody နဲ့အတူ Miley တစ်ယောက် Instagramမှာ Live လွှင့်နေတဲ့ အချိန်မှာကျတော့ “တကယ်တမ်း ကျွန်မတို့မိန်းမတွေဟာ မိန်းမအချင်းချင်း ကြိုက်ရာကိုမလိုဘူး။ ဘာလို့လဲဆိုတော့ အပြင်မှာ သေချာရှာကြည့်ရင် တကယ့် ယောက်ျားကောင်းတွေက အများကြီးပါ။ ဒါပေမယ့် ရှာတတ်ဖို့တော့ လိုတာပေါ့။ ကျွန်မကတော့ ရှာတွေခဲ့တယ်။ဘယ်သူလဲဆိုတော့ အခု Liveလွှင့်နေတဲ့ တယောက်ပေါ့”လို့ ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Tat Queen / King @billyidol @perri.lister

A post shared by Miley Cyrus (@mileycyrus) on

Miley တစ်ယောက် အပြောနဲ့အလုပ်နဲ့ မညီတာကြောင့် သူမရဲ့ ပရိသတ်တော်တော်များများက ဒေါသတွေထွက်ပြီး ကွန်မန့်တွေနဲ့ ဝိုင်းတိုက်ခိုက်ကြပါတယ်။ အခုဒီတစ်ယောက်နဲ့ပဲ Miley Cyrus တို့ မြဲမလား၊ ဒါမှမဟုတ်ပဲ အခြားမိန်းကလေးတစ်ယောက်နဲ့ပဲ ထပ်ကြိုက်ဦးမလား ဆိုတာကတော့ စောင့်ကြည့်သွားရပါဦးမယ်။

Twitter/RoisePercy

Pyi Hein Kyaw

SHARE