ကမ္ဘာ့နိုင်ငံတချို့ရဲ့ စစ်သားတွေကိုကျွေးတဲ့ တစ်နပ်စာအစားအသောက်များအကြောင်း

YouTube- Alduin Hearth

YouTuber တစ်ဦးဖြစ်တဲ့ David Hong ဟာ နိုင်ငံကြီးတော်တော်များများမှာရှိနေတဲ့ သူတို့ရဲ့စစ်သားတွေရဲ့ ရိက္ခာခွဲတမ်းတွေကို သိရဖို့အတွက် ဗီဒီယိုရိုက်ကာ သူ့ရဲ့ channel Alduin Hearth မှာ တင်လာခဲ့ပါတယ်။ မတူညီတဲ့နိုင်ငံတွေက ရလာတဲ့ ရိက္ခာထုပ်တွေကို တစ်ခုချင်းစီဖောက်ပြရင်း အထဲမှာ ဘာတွေပါလဲဆိုတာ ပြောပြပေးတာပဲဖြစ်ပါတယ်။

ဒီတော့ ဘယ်လိုနိုင်ငံတွေက ဘယ်လိုအစားအသောက်တွေကျွေးလဲဆိုတာ ကြည့်လိုက်ကြရအောင်။

တရုတ်နိုင်ငံဖြစ်ပါတယ်။ ကိတ်မုန့်၊ သီးစုံထမင်းနဲ့ ဝက်အူချောင်းနဲ့အချဉ်တို့ပါပါတယ်။

YouTube- Alduin Hearth

ယူကရိန်းရဲ့ အစားအသောက်တွေက အများကြီးနဲ့ရှယ်ပဲ။ အမည်းသားဟင်းနဲ့ ထငမ်းတွေ၊ ဘီစကစ်နဲ့ လက်ဖက်ရည်အေးကတော့ မနက်စာပါ။ နေ့လည်စာကတော့ ဝက်သားဟင်းနဲ့ ကော်ဖီပေးပြီး ညစာကိုတော့ ဘီစကစ်၊ တူနာငါးနဲ့ လက်ဖက်ရည်အေးပါပဲ။

YouTube- Alduin Hearth

သီးစုံတူနာသုပ်၊ အမည်းသားနဲ့ပဲနှပ်၊ ဟင်းရွက်စုံစွပ်ပြုတ်တို့ပါပါတယ်။ အရသာရှိမယ့်ပုံပဲ..

YouTube- Alduin Hearth

အမေရိကန်ကတော့ ကိတ်မုန့်၊ သကြားလုံးလေးတွေနဲ့ အားဖြည့်အချိုရည်၊ ခရက်ကာနဲ့ အစပ်အရသာ macaroni တို့ကျွေးပါတယ်။

READ
ဒဏ်ရာရစစ်ပြန်ကြီးတွေရဲ့ ဘ၀ကို အလှပဆုံး ထုဆစ်ပေးခဲ့တဲ့ အမျိုးသမီး
YouTube- Alduin Hearth

ကနေဒါကတော့ ချောကလတ်ပူပူလေးအပြင် လိမ္မော်ရည်၊ ကော်ဖီ၊ ငှက်ပျောသီးအရသာနဲ့ကွေကာအုတ်၊ ပေါင်မုန့်၊ ပန်းသီးစိတ်လေးတွေနဲ့ ပဲနှပ်၊ အချဉ်ရည်အပြင် မြေပဲထောပတ်နဲ့ စတော်ဘယ်ရီယိုတို့ပါဝင်ပါတယ်။

YouTube- Alduin Hearth

ပြင်သစ်ပါ။ ခရက်ကာ၊ ချောကလတ်နဲ့ အချိုဓာတ်အတွက် သကြားလုံး၊ ကွေကာအုပ်နဲ့အသီးတွေ၊ ခရမ်းချှုဉ်သီးစွတ်ပြုတ်၊ ဝက်သားပြားတို့ပါဝင်ပါတယ်။

YouTube- Alduin Hearth

ဒါကတော့ အီတလီရဲ့မနက်စာပါ။ ဘီစကစ်တွေ၊ ချောကလတ်၊ ဂျယ်လီနဲ့ ကော်ဖီ။ နေ့လည်စာကိုတော့ အမည်းသား၊ သီးစုံအရွက်သုပ်၊ ဘီစကစ်နဲ့ကော်ဖီ။ ညစာကိုတော့ တူနာငါးစွတ်ပြုတ်နဲ့ ခရက်ကာတို့ပါဝင်ပါတယ်။

YouTube- Alduin Hearth

ဂျာမနီကတော့ သူတို့ရဲ့တပ်သားတွေကို ပူတင်း၊ ပဲနှပ်နဲ့ အရသာထည့်ထားတဲ့ အစာပလာတွေနဲ့ထမင်း၊ ကွေကာအုတ်ကိုအသီးနဲ့နို့နဲ့အပြင် dark chocolate နဲ့ ခရက်ကာ အစရှိတာတွေပါဝင်နေပါတယ်။

YouTube- Alduin Hearth

UK ကတော့ ကွေကာအုတ်၊ ဓာတ်ဆားရည်၊ ကော်ဖီနဲ့လက်ဖက်ရည်၊ သကြားလုံး၊ cereal bar နဲ့ သီးစုံကိတ်မုန့်လိုမျိုး အချိုပွဲတွေအပြင် သတ်သတ်လွတ်ပါစတာခေါက်ဆွဲ၊ ကွတ်ကီး၊ ခရမ်းချဉ်သီးအသုပ်နဲ့ ပဲလှော်တို့ပါဝင်ပါတယ်။

YouTube- Alduin Hearth

ရုရှားနိုင်ငံဖြစ်ပါတယ်။ ပန်းသီးဆော့အနှစ်၊ ပဲနှပ်၊ အသားလုံး၊ ဝက်ပေါင်ခြေက်တွေအပြင် ခရက်ကာ၊ ထမင်းကိုပဲ၊ အသား၊ အာလူးတို့နဲ့ ချက်ထားတဲ့တွေပါဝင်လို့နေပါတယ်။

READ
ကမ္ဘာတလွှားက အထူးအဆန်းဥပဒေများ
YouTube- Alduin Hearth

ဒါကတော့ Alduin Hearth ရဲ့ မူရင်း YouTube ဗီဒီယိုပဲဖြစ်ပါတယ်။

Penny

SHARE