လူငယ်တွေရဲ့အိပ်မက်ကြီးတစ်ခုကို quarantine အတွင်းမှာ အောင်မြင်ခဲ့တဲ့ Millie Bobby Brown

Instagram @MILLIEBOBBYBROWN

Millie Bobby Brown ဆိုတာ Stranger Things ကစပြီးတော့ သိခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် Millie Bobby Brown လေးဟာ အခုဆိုရင် အသက် ၁၆ နှစ်တောင်ရှိနေပါပြီ။ အရင်တုန်းက ကတုံးဆံပင်ပေါက်လေးနဲ့ သေးသေးညှပ်ညှပ်လေးမြင်ခဲ့ရတဲ့ Millie လေးဟာ အခုဆိုရင် လှသွေးကျယ်တဲ့ အပျိုကြီးဖားဖားကြီးကိုဖြစ်လို့နေပါပြီ။

 

View this post on Instagram

 

A post shared by mills (@milliebobbybrown) on

အခုလည်း quarantine အချိန်ကြီးမှာ Millie လေးဟာ ဆယ်ကျော်သက်အရွယ်တွေရဲ့ အိပ်မက်ကြီးတစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီတဲ့။

 

 

View this post on Instagram

 

A post shared by mills (@milliebobbybrown) on

အဲဒါကတော့ ကားမောင်းလိုင်စင်ပါ။ အသက် ၁၆ နှစ်သာရှိသေးတဲ့ Millie Bobby Brown ဟာ ၂၀၁၉ ခုနှစ် မေလလောက်ကတည်းက ကားမောင်းနေခဲ့တာပါ။ ကားမောင်းသင်နေတာကိုလည်း ဓာတ်ပုံလေးတင်ပြီး ပရိတ်သတ်တွေကို အသိပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုတော့ တကယ်ကြီး တရားဝင်ကားမောင်းခွင့်ရသွားခဲ့ပါပြီတဲ့။ လိုင်စင်ကိုလည်း ကပ်ရောဂါကာလကြီးအတွင်းမှာ ဖြေခဲ့ရတဲ့အတွက် social distancing နည်းနဲ့ လိုင်စင်ဖြေခဲ့ရတာဆိုတော့ သူ့အတွက် အဆန်းတော့ဖြစ်နေပါတယ်တဲ့လေ။

READ
မိနစ်(၄၀)သာဆုံဖူးတဲ့ အဘိုးအိုနဲ့ ဇိမ်ခံသင်္ဘောခရီးအတူထွက်သွားခဲ့တဲ့အဖွားအို

 

 

View this post on Instagram

 

A post shared by mills (@milliebobbybrown) on

နောက် quarantine ချိန်အတွင်းမှာလည်း ရိုက်ကူးရေးတွေနားထားတဲ့အချိန်မှာ ယာဉ်မောင်းလိုင်စင်လည်းဖြေပြီးပြီးတော့ အိမ်မှာနေနေတဲ့အချိန်လေးမှာကတော့ ညီမဖြစ်သူနဲ့ ပန်ချီလေးတွေဆွဲတယ်၊ အင်္ကျီလေးတွေကိုအရောင်ဆိုးတယ် စသဖြင့် အတတ်နိုင်ဆုံး အိမ်မှာပဲနေပြီးတော့ ကပ်ရောဂါကာလကြီးမှာ အန္တရာယ်ကင်းအောင် နေနေပါတယ်တဲ့လေ။

 

View this post on Instagram

 

A post shared by mills (@milliebobbybrown) on

Millie ဟာ Stranger Things အပြင်ကိုမှ Godzilla နဲ့ အခုဆိုရင် Netflix ကရိုက်ကူးထားတဲ့ Sherlock Holmes ဇာတ်လမ်းတွဲမှာ Sherlock ရဲ့ ညီမအဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

 

View this post on Instagram

 

A post shared by mills (@milliebobbybrown) on

penny

SHARE