လိင်တူချစ်ကြိုက်တဲ့ ဇာတ်ရုပ်ကို ပထမဆုံးအကြိမ် သရုပ်ဆောင်မယ့် Millie Bobby Brown

Instagram by milliebobbybrown

အသက် ၁၂ နှစ်တုန်းက Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲမှာ Eleven အဖြစ် စတင်မြင်တွေ့ခဲ့ရတဲ့ Millie Bobby Brown လေးဟာ အခုဆိုရင် အသက် ၁၇ နှစ်ထဲတောင် ဝင်ပြီး အပျိုကြီးတောင်ဖြစ်လို့နေပါပြီ။

Stranger Things
View this post on Instagram

@netflixqueue @jasonbellphoto ♡♡♡

A post shared by mills (@milliebobbybrown) on

သူမအနေနဲ့ Stranger Things ပြီးတော့ Godzilla ရုပ်ရှင်၊ Netflix ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sherlock Hoolmes မှာလည်း ညီမဖြစ်သူ Enola Holmes အဖြစ် ပါဝင်သရုပ်ဆောင်ရင်း ကြော်ငြာတွေအများကြီးကိုလည်း လက်ခံရိုက်ကူးနေတဲ့ မင်းသမီးငယ်လေးတစ်လက်လည်းဖြစ်ပါတယ်။

READ
ပန်းရောင် ၀တ်စုံလေးနဲ့ အရမ်းလှနေတဲ့ ဖွေးဖွေး

People မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ Millie လေးဟာ မကြာခင်မှာပဲ ဇာတ်ရုပ်အသစ်တစ်ခုကို သရုပ်ဆောင်ရိုက်ကူးတော့မယ်လို့ သိထားရပါတယ်။ အဲဒါကတော့ လိင်တူချစ်ကြိုက်တဲ့ ဇာတ်ရုပ်ပါတဲ့။ ဒီလိုဇာတ်ရုပ်ဟာ သူမအတွက်ပထမဆုံး သရုပ်ဆောင်ရမယ့် အမျိုးအစာဖြစ်တဲ့အတွက် ပရိတ်သတ်တွေကတော့ တော်တော်လေးကို စိတ်ဝင်စားလျက်ရှိနေပါတယ်။

https://www.instagram.com/p/CC2BJiunJ6L/

ရုပ်ရှင်နာမည်ကတော့ The Girls I’ve Been Before ဖြစ်ပြီး Netflix ကနေပဲ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Tess Sharpe ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်သွားမှာပဲဖြစ်ပါတယ်။ ဇာတ်ကောင်နာမည် Nora ဟာ ဘဏ်တစ်ဘဏ်ရဲ့ဓားပြတိုက်ခံတဲ့ အခြေအနေတစ်ရပ်မှာ လက်ရှိတွဲနေတဲ့ကောင်မလေးနဲ့ အရင်ရည်းစားဟောင်းကောင်လေးတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာကို အသည်းတယားယားနဲ့ မြင်တွေ့ရမှာဖြစ်ပြီး lesbian တစ်ယောက်ရဲ့ ခံစားချက်တွေကိုလည်း အပြည့်အဝတွေ့ရမယ်လို့ သိထားပါတယ်။

https://www.instagram.com/p/B_8jVTsnT4p/

penny

SHARE