
Hollywood ရုပ်ရှင်လောကရဲ့ တက်သစ်စ မင်းသမီးတွေထဲမှာ တော်တော်များများ သိတိထားမိကြမယ့် သရုပ်ဆောင် မင်းသမီးလေးတစ်ယောက် ရှိပါတယ်။ သူကတော့ အသက် (၁၆) နှစ်သာ ရှိသေးတဲ့ Millie Bobby Brown ပဲ ဖြစ်ပါတယ်။ Millie ကိုတော့ Starnger Things ပရိသတ်တိုင်း သိရှိကြမှာဖြစ်ပြီး Stranger Things စီးရီးဇာတ်ကားတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ဒီလောက်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Millie ဟာ မကြာခင်မှာ Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဒါရိုက်တာ ညီအကိုနှစ်ယောက်ဖြစ်တဲ့ Russo Brothers ရိုက်ကူးမယ့် Sci-fi ဇာတ်ကားသစ်မှာ ပါဝင်လာတော့မျာဖြစ်ကြောင်း variety.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ ဇာတ်ကားကတော့ Universal Pictures ထုတ်လုပ်မယ့် The Electric State လို့ အမည်ရတဲ့ သိပ္ပံဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Millie နဲ့ စက်ရုပ်တစ်ကောင်ဟာ Millie ရဲ့ အကိုဖြစ်သူကို ရှာဖွေဖို့အတွက် လူသားတွေနဲ့ စက်ရုပ်တွေ အတူတကွနေထိုင်တဲ့ Imaginative ကမ္ဘာကြီးထဲကို သွားရောက်စွန့်စားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲဒီကမ္ဘာကြီးထဲမှာ သူတို့မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတဲ့ အခါမှာတော့ Millie နဲ့ သူမရဲ့ စက်ရုပ်ဟာ ဘယ်လိုမျိုးတွေ ဖြေရှငးကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားပါပဲ။

ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာတွေကတော့ Avengers: Endgame နဲ့ Avengers: Infinity War ဇာတ်ကားတွေကို ရိုက်ကူးထားတဲ့ ဝါရင့်ဒါရိုက်တာတွေ ဖြစ်တာကြောင့် တော်တော်လေးကို ကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် The Electric State လို့ အမည်ရတဲ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုလည်း Avengers: Endgame နဲ့ Avengers: Infinity War ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေး ဆရာတွေဖြစ်တဲ့ Christopher Markus နဲ့ Stephen McFeely တို့ပဲ ဖြစ်ပါတယ်။ Millie ကတော့ လက်ရှိမှာလည်း Stranger Things စီးရီးရဲ့ Season 4 ကို ရိုက်ကူးနေပြီဖြစ်သလို မကြာခင် ထွက်ရှိတော့မယ့် Enola Homles, Godzilla vs. Kong, Damsel, A Time Lost နဲ့ The Girl I’ve Been ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။
View this post on Instagram
Pyi Hein Kyaw