Netflix ရဲ့ Stranger Things ထဲမှာပါတဲ့ မင်းသမီးလေး Millie Bobby Brown ဆိုတာ တကယ်တော့ ဗြိတိန်သူလေးပါ။ အားလုံးသိကြတဲ့အတိုင်း အင်္ဂလိပ်စကားပြောချင်းတာတာတောင်မှပဲ အမေရိကန်နဲ့ ဗြိတိန်အသံထွက်တွေဟာ တော်တော်လေးကို ကွဲပြားခြားနားကြတယ်ဆိုတာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Millie ဟာ Stranger Things ကြောင့်သူမရဲ့ အသံထွက်တွေ တလွဲဆီဖြစ်ကာ အခက်အခဲတချို့ရှိခဲ့တယ်ဆိုတဲ့အကြောင်းကို Messenger-Inquirer မှာ ဖော်ပြထားခဲ့ပါတယ်။
View this post on Instagram
Stranger Things ရိုက်ဖို့ လူရွေးပွဲမှာ သွားပြိုင်တုန်းက Millie ဟာ ၁၃ နှစ်တောင် မပြည့်သေးပါဘူး။ သူမအနေနဲ့ နေထိုင်ရာ ဗြိတိန်နိုင်ငံမှ Stranger Things အတွက် Netflix က လူရွေးပွဲလပ်မယ့် Los Angeles ကို ဖခင်နဲ့အတူတူ ခရီးထွက်လာခဲ့ပါတယ်တဲ့။ တစ်နေ့ကို ဖြေးဖြေးဖြေးဖြေးချင်းဆီ ကားမောင်းလာရင်းနဲ့ လမ်းမှာလည်း တွေ့ကြုံရတဲ့ အခက်အခဲတွေဟာ တော်တော်လေးကို ကြမ်းတမ်းလွန်းခဲ့တယ်လို့ သူမက ပြောထားပါတယ်။
ဥပမာပြောရရင် သူမဖခင်ဟာ သမီးဖြစ်သူ လူရွေးပွဲ ဝင်ပြိုင်ချင်လို့သာ လိုက်ပို့ရတာ ကားဆီဖိုးမရှိတာမျိုးပေါ့။ ဒါကြောင့် စစချင်း Millie ကို လူရွေးပွဲကျရင် ပြောရမယ့် ဒိုင်ယာလော့တွေ အကုန်လုံးကို တသွေမသိမ်းရတာ သေချာတော့မှ Los Angeles ကို သားအဖနှစ်ယောက်လုံး ထွက်လာခဲ့တာပါတဲ့။
View this post on Instagram
နောက် လူရွေးပွဲမှာ Millie အနေနဲ့ ဒိုင်တွေကို လှည့်စားခဲ့တာ တစ်ခုရှိနေပါတယ်။ အဲဒါကတော့ သူမရဲ့ အသံထွက်ပါပဲ။ ဗြိတိန်သူ မို့လို့ ဗြိတိန်သံထွက်တယ်ဆိုတာ ပြောစရာမလိုပေမယ့်လို့ လူရွေးပျွှဲာတော့ သူမဟာ အမေရိကန်လေသံအတိုင်း တသွေမသိမ်းတူအောင်တုပပြီးပြောဆိုခဲ့တာပါတဲ့။ ဘယ်လောက်များလဲဆိုရင် တာဝန်ရှိသူတွေက သူမကို အမေရိကန်သူလို့တောင် ထင်နေတဲ့အထိပါပဲ။
နောက်ပိုင်း Stranger Things ရိုက်ကူးရေးမှာလည်း အမြဲတမ်းအချိန်ဖြုန်းနေရတဲ့အတွက် အမျိုးတွေဆီသွားလည်ရင်တောင် သူမရဲ့ အမေရကန်လေယူလေသိမ်းလုံးလုံးပေါက်သွားတဲ့ပုံစံကိုကြည့်ပြီး ဝေဖန်တောင်ခံခဲ့ရပါတယ်တဲ့လေ။
View this post on Instagram
နောက်ရိုက်ကွင်းအမှတ်တရအနေနဲ့ ဗြိတိန်နဲ့ အမေရိကန်ကွာခြားမှု နောက်တစ်ခုကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ ရိုက်ကူးရေးအချိန်အတွင်း လက်ဖက်ရည်သောက်တာကို လွမ်းသတဲ့။ ဗြိတိန်လူမျိုးတွေဟာ နေ့လည်နေ့ခင်းကျရင် နားနားနေနေနေပြီးတော့ လက်ဖက်ရည်နဲ့မုန့်အချိုေးလတွေ စားတတ်တာ သူတိုရဲ့ ဓလေ့စရိုက်တစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီဖက် ရိုက်ကွင်းမှာတော့ အလုပ်ကတစ်ဖက်၊ အမေရိကန်ရောက်နေတာတစ်ဖက်နဲ့မလို့ လက်ဖက်ရည်ကို လုံးဝ ကောင်းကောင်းမွန်မွန်ကို မသောက်ခဲ့ရပါဘူးတဲ့လေ။ ဒါလေးကိုတော့ ရိုက်ကူးရေးကာလတစ်လျှောက်အလွမ်းဆုံးပါတဲ့။
View this post on Instagram
penny