ကာကွယ်ဆေးကြိုထိုးချင်လို့ တခြားဒေသကို ကိုယ်ပိုင်လေယာဉ်နဲ့သွားခဲ့တဲ့ မီလီလံနာစုံတွဲ

Facebook/Great Canadian Gaming

လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကနိုင်ငံတိုင်းလိုလိုမှာ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိလို့လာနေပါပြီ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် ကယ်ကွယ်ဆေးတွေကိုတောင် ဦးစားပေးအဆင့်အနေနဲ့ စတင်ထိုးပေးနေခဲ့ကြပါတယ်။ Unilad မှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်အရ လူတွေဟာ အမြဲတမ်းဖျံကျဖို့ပဲ တွေးနေကြပါလားဆိုပြီးတော့ သံဝေဂရသွားမိပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပါ။ ကိုးကားဖော်ပြလိုက်ပါတယ်။

Rodney နဲ့ Ekaterina Baker တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကာစီနိုဦးစားပေးပြီး ကြွယ်ဝချမ်းသာလာခဲ့ကြတဲ့ လျှမ်းလျှမ်းတောက် ကနေဒီယံမီလီလျံနာတွေဖြစ်ပါတယ်။ ကနေဒါဟာ အားလုံးသိကြတဲ့အတိုင်းပဲ လူဦးရေထူထပ်တာကြောင့် ကာကွယ်ဆေးထိုးတာ ပြီးဖို့အတွက်ဆိုရင် အချိန်တော်တော်လေး ယူရမှာပါ။ နောက်ပြီး ကာကွယ်ဆေးထိုးဖို့ ဦးစားပေးဆိုတာဟာလည်းပဲ အစိုးရဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေ စသဖြင့်ရှိကြတဲ့အတွက် သာမန်ပြည်သူတွေအနေနဲ့ အချိန်တစ်ခုတော့ စောင့်ရမှာပါပဲလေ။

Facebook/Great Canadian Gaming

ဒါကို Baker မောင်နှံဟာ ကာကွယ်ဆေး ကြိုထိုးချင်တဲ့အတွက် ဥာဏ်နီဥာဏ်နက်သုံးခဲ့ပါတယ်။ အဲဒါကတော့ အနီးနားမှာရှိနေတဲ့ Beaver Creek ကို သွားဖို့ပါပဲ။ Beaver Creek ဆိုတာ လူအယောက် ၉၀ လောက်ပဲ ရှိတဲ့ Alaskan နယ်စပ်လေးပါ။ ဒီနေရာကို private jet နဲ့ နှစ်ယောက်သား တိတ်တိတ်လေး ထွက်သွားခဲ့ပါတယ်။

အဲဒီမြို့လေးမှာကျ လူကလည်းနည်းတော့ ကာကွယ်ဆေးကို အကုန်လုံး ထိုးပေးလိုက်တာပေါ့။ ဦးစားပေးတွေဘာတွေလည်း မရှိဘူးလေ။ ဒါကို ခုတုံးလုပ်ပြီး Baker မောင်နှံဟာ သူတို့ဟာ မြိဲ့ထဲမှာရှိနေတဲ့ မိုတယ်လေးမှာ လာပြီး အလုပ်လုပ်နေတာ ကြာပါပြီဆိုပြီး ရောသောဖောသောနဲ့ ကာကွယ်ဆေးဝင်ထိုးသွားခဲ့ပါတယ်။

ကာကွယ်ဆေးထိုးပေးပြီးကာမှ ဒေသခံတွေအနေနဲ့ သိပ်ပြီး မသင်္ကာကြတဲ့အတွက် သူတို့နေတယ်လို့ ပြောခဲ့တဲ့မိုတယ်ကို ဖုန်းဆက်ပြီး လှမ်းမေးခဲ့ပါတယ်။ အဲဒီမိုတယ်က သူတို့ဆီမှာ ဧည့်လက်မခံတာ ကြာနေပြီဖြစ်ကြောင်း ပြောတဲ့အခါမှာတော့ Baker မောင်နှံရဲ့အကြံကို အားလုံးရိပ်မိသွားခဲ့ပါတယ်။

နှစ်ယောက်သားကတော့ ကာကွယ်ဆေးထိုးထိုးပြီးချင်းမှာပဲ လေဆိပ်ကိုတက္ကဆီငှားပြီး လစ်သွားခဲ့ကြပါတယ်။ ကနေဒါကိုပြန်တော့မှာပါ။ သက်ဆိုင်ရာက ချက်ချင်းလေဆိပ်ကိုလိုက်သွားခဲ့ပြီးတော့ ဖမ်းခဲ့ကာ ဒဏ်ငွေအဖြစ် တစ်ယောက်ကို ဒေါ်လာ ၉၀၀ စီ ဆောင်ခိုင်းခဲ့ပါတယ်။

Facebook/Great Canadian Gaming
iMDB

penny

SHARE