တစ်နှစ်ဒေါ်လာ(၅)သောင်းကျော်ပေးပြီး Personal ဓာတ်ပုံဆရာအလုပ်ခေါ်နေတဲ့ သူဌေး

Instagram/MatthewLepre

ကမ္ဘာမှာ အကောင်းဆုံးအလုပ်အတွက် personal assistant တစ်ယောက်ကို သိပ်မကြာသေးခင်က ခေါ်ယူခန့် အပ်လိုက်တဲ့ ကိုယ့်ထူးကိုယ်ချွန်သမား သြစတြေးလျသန်းကြွယ်သူဌေးအကြောင်းကို ShweMom မှာ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြခဲ့ဖူးပါတယ်။ အခုဆိုလည်း personal photographer အသစ်တစ်ယောက်အတွက် လစာ တစ်နှစ်ကို ဒေါ်လာ ၅၅၀၀၀နဲ့ ကမ်းလှမ်းထားပါတယ်။

Ecom Warrior Academy ကုမ္ပဏီကိုတည်ထောင်သူ Matthew Lepre ဟာ ဥရောပနဲ့အမေရိကန်နိုင်ငံတွေအနှံ့ကို ခရီးလှည့်လည်သွားလာနေစဉ် သူ့ကိုကူညီဖို့တစ်စုံတစ်ဦး လိုအပ်ပါတယ်။အဲတာကတော့ ခရီးစဉ်အတွင်းသူ့ကိုဓာတ်ပုံ ရိုက်ပေးဖို့ personal photographer တစ်ယောက် လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာ ချယ်နယ်လ်တွေမှာ သူ့ရဲ့ဓာတ်ပုံကိုတင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

 

ဒီအလုပ်ကိုရဖို့ဆိုရင် သင်လိုအပ်တာကတော့ တရားဝင်နိုင်ငံကူးလက်မှတ်ရှိဖို့နဲ့ ပြီးပြည့်စုံတဲ့ပုံကောင်းတစ်ပုံကို  ခနအတွင်းရိုက်ကူးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ သူတစ်ယောက်တည်း အလုပ်ကိစ္စတွေနဲ့ UAE, Indonesia, USA, NZ, Italy, France, Spain, Switzerland နဲ့ ထိုင်းနိုင်ငံတွေကိုသွားရောက်ခဲ့ပါတယ်။အဲ့လိုသွားခဲ့တဲ့အချိန်တွေတုန်းက သူငယ်ချင်းကို အကူအညီတောင်းပြီး ဖုန်းနဲ့သာဓာတ်ပုံရိုက်ကူးခဲ့ရတယ်လို့ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lepre က Daily Mail သတင်းစာကိုပြောပြခဲ့ပါတယ်။

“အခုဆို ကျွန်တော့်ရဲ့အလုပ်တွေဟာလည်း ကျယ်ပြန့်လာပြီ၊ ဒါ့ကြောင့် တစ်ခြားနေရာတွေမှာအလုပ်လုပ်နိုင်ဖို့ အတွက် အဖော်လိုအပ်လာပြီ၊ ဒါ့ကြောင့်လိုအပ်နေတဲ့နေရာမှာဖြည့်ဖို့ အခုလိုဝန်ထမ်းခေါ်ယူလိုက်တာပဲဖြစ်တယ် “လို့  Lepre ကပြောပါတယ်။

“ဒီလိုပဲ ကျွန်တော်ရွေးချယ်ခဲ့တဲ့သူဟာ အချိန်မရွေး၊ နေရာမရွေး ကျွန်တော်ခေါ်ဆောင်သွားလို့ရမယ့် ကျွန်တော့်ရဲ့ရှုတ်ယှက်ခတ်နေတဲ့ အချိန်ဇယားအတိုင်း လိုက်ပေးနိုင်မယ့်သူ ဖြစ်ဖို့တော့လိုတယ်” လို့လည်း Lepre ကထပ်လောင်းပြောခဲ့ပါတယ်။

 

သူ့ရဲ့ဘ၀ဟာ အရမ်းကိုခက်ခဲခဲ့ပြီး ကိုယ့်အရည်အချင်းနဲ့ကိုယ် ဒီလိုဘ၀မျိုးရောက်ဖို့အတွက် ကြိုးစားခဲ့ရတာဖြစ်တယ် လို့ Lepre ကရှင်းပြခဲ့ပါတယ်။

Lepre က ဒီနှစ်အစောပိုင်းတုန်းကလည်း personal assistant အတွက် အလားတူခေါ်ဆိုမှုတစ်ခုကိုလုပ်ခဲ့ပါသေး  တယ်။

 

View this post on Instagram

 

she’s got a new addiction for every day and night ✨✨✨ #safaridays #livingmybestlife #weekendmood

A post shared by tyanna de assis ❥ (@tyannadeassis) on

အဲ့ဒီနောက် ဒီအလုပ်နဲ့ပတ်သက်ပြီး လျှောက်လွှာပေါင်း(၇)သောင်းလောက်ကိုလက်ခံရရှိခဲ့ပြီး အဲ့ဒီထဲကမှ ဖက်ရှင်ကျောင်းသားဟောင်း Tyanna De Assis ကို ရွေးချယ်ခဲ့ပါတယ်။

“ဒီအလုပ်ကို အရမ်းသဘောကျတယ်။ ဘာလို့ဆို ကျွန်မအမြဲခရီးသွားနေရတာကို သဘောကျတာကြောင့် ကျွန်မနဲ့လည်း အဆင်ပြေနိုင်မယ် ထင်လို့ အခုလို Matt ဆီမှာ လျှောက်လွှာတင်ခဲ့တာပါ ” လို့လည်း Tyanna De Assis ကပြောပြခဲ့ပါတယ်။

Thae Su

SHARE