သီးခြားကမ်းခြေနိဗ္ဗာန်ဘုံလေးမှာသူနဲ့အတူတူနေဖို့ ဖိတ်ခေါ်နေတဲ့မီလီယံနာသူဌေးကြီး

Twitter- Karl Reipen

နယူးဇီလန်နိုင်ငံရှိ မီလီယံနာကော်ဖီသူဌေးကြီးတစ်ဦးဟာ သူရဲ့ကိုယ်ပိုင်မြောက်ဘက်ကမ်းခြေတစ်ခုရှိ နိဗ္ဗာန်ဘုံလေးမှာ နယူဇီလန်နိုင်ငံသူနိုင်ငံသားတို့ကို လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဂျာမန်လူမျိုး Karl Reipen လို့ အမည်ရတဲ့ အဆိုပါသူဌေးကြီးဟာ အနည်းဆုံးလူဆယ်ယောက်ကို သူရဲ့နိဗ္ဗာန်ဘုံလေးမှာ လာရောက်နေထိုင်ကြည့်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လာနေမယ့် သူတွေကတော့ အသက် ၇၀ မကျော်ရ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်နေရမယ် အစရှိတဲ့ သတ်မှတ်ချက်တွေနဲ့တော့ ပြည့်စုံရပါမယ်တဲ့။ အဆိုပါ ကန့်သတ်ချက်တွေနဲ့ ပြည့်စုံတဲ့သူဆိုရင် အချိန်မရွေးလာနေနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Stuff မှာ ဖော်ပြထားပါတယ်။

Twitter- Karl Reipen
Twitter- Karl Reipen

အိမ်တစ်အိမ်မှာ လူနှစ်ယောက်နှုန်းနဲ့ နေထိုင်နိုင်ပြီး ဝိုင်ထွက်ရှိတဲ့ ဒီပတ်ဝန်းကျင်တစ်ဝိုက်ကို အစည်းအဝေးကျင်းပရာနေရာအဖြစ်လဲ အသုံးပြုနိုင်ကြောင်း၊ အကယ်၍သင်ဟာ အဖွဲ့အစည်းနဲ့ နေရတာ စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုရင် ဒီမှာနေထိုင်ရတဲ့ ကာလတစ်လျှောက်သင့်အတွက် ဘဝအသစ်တစ်ခုဖြစ်နေမှာကို ရဲရဲကြီးအာအာမခံကြောင်း စသဖြင့် ကြော်ငြာမှာလည်း ရေးသားထားပါတယ်။

“အကယ်၍ သင်ဒီနေရာမှာနေဖို့ ရွေးချယ်ထားပြီးရင်တော့ သင်ဟာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်တာ၊ ငါးမျှားတာ၊ ဈေးဝယ်ထွက်တာ၊ ကနူးလှေလှော်တာ၊ ငှက်ကြည့်တာ၊ ရေကူးတာနဲ့ တိရစ္ဆာန်လေးတွေကြည့်ရတာတွေကိုတော့ ကျိန်းသေလုပ်ရတော့မှာပါ” လို့လဲ သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်ကြောင်း ရေးသားထားပါတယ်။

Twitter- Karl Reipen

သူဌေးကြီးဟာဆိုရင်လည်း နယူဇီလန်နိုင်ငံကို ၂၀၀၀ ခုနှစ်မှာ စီးပွားရေးကိစ္စနဲ့ရောက်ရှိလာပြီး အဆိုပါမြေကွက်ကြီးကိုတွေ့ပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဝယ်တုန်းကနဲ့မတူဘဲ တဖြေးဖြေး အဆောက်အဦတွေဆောက်၊ ပြင်ပြင်ဆင်ဆင်လုပ်လာရင်း အခုလိုနေချင်စဖွယ်လေးဖြစ်အောင်ပြုပြင်မွမ်းမံပြင်ဆင်ပြီးတဲ့အချိန်မှာတော့ တခြားသူနေထိုင်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။  နေရာကတော့ New Plymouth နဲ့ Hamilton တို့ဆိုရင် မိနစ် ၉၀ ကားမောင်းသွားရင်ရောက်နိုင်နေတာဖြစ်တာကြောင့် မြို့နဲ့နီးတယ်လို့ ဆိုရမှာပါပဲ။

Pyi Hein Kyaw

SHARE