(၄)နှစ် (၁)ကြိမ်ကပ်ဘေးကြုံတွေနေဆဲဖြစ်တဲ့ သြစတေးလျမှ မြို့ငယ်လေးများ

ကြွက်ကနေဖြစ်တဲ့ ပလိတ်ရောဂါဟာ အရင်ခေတ်တွေတုန်းက တစ်ကမ္ဘာလုံးကို လျှင်မြန်တဲ့ပျံ့နှံ့မှုမျိုးနဲ့ တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ခေတ်စနစ်တွေပြောင်းလဲ တိုးတက်လာတာနဲ့အမျှ ပလိတ်ရောဂါကို မရှိတော့လောက်တဲ့အထိ ကာကွယ်မှုတွေလုပ်ဆောင်နိုင်ခဲ့ကြတာ ကြာပါပြီ။

သို့ပေမယ့် အမြစ်ပြတ်သုတ်သင်နိုင်တာမျိုး မဟုတ်တဲ့အတွက် တချို့နေရာတွေမှာ ပလိတ်ရောဂါတွေဖြစ်နေဆဲပါ။ အထူးသဖြင့် သြစတေးလျရဲ့ အချို့မြို့ငယ်လေးတွေနဲ့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဒေသတို့မှာ အဖြစ်များကြပါတယ်။

Animal Planet

သြစတေးလျနိုင်ငံအတွင်းမှာရှိတဲ့ မြို့ငယ်လေးတွေမှာတော့ ပလိတ်ရောဂါကိုဖြစ်စေတဲ့ ကြွက်တွေကို (၄)နှစ်(၁)ကြိမ်ပေါပေါသီသီတွေ့ရ တတ်ပါတယ်။ (၄)နှစ်(၁)ကြိမ်ဆိုပေမယ့် နှစ်တစ်နှစ်ရဲ့ ဘယ်ကာလတွေမှာလဲ ဆိုတာကတော့ တိတိကျကျ တွက်ချက်လို့မရခဲ့ပါဘူး။ လေ့လာရေးအရာရှိ Steve Henry ရဲ့ ပြောကြားချက်အရကတော့ ယမန်နှစ်တွေတုန်းက မြို့ပေါ်သို့ရောက်လာခဲ့တဲ့ ကြွက်တွေကို အချိန်တိုတွင်းမှာ ထိန်းသိမ်းနိုင်ခဲ့ပေမယ့် (၂၀၁၁)ခုနှစ်ရဲ့အဖြစ်အပျက်ကတော့ ကပ်ဘေးကျရောက်သလားလို့တောင် ထင်မိတယ်လို့ဆိုပါတယ်။

Animal Planet

မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာတော့ ဆိုးရွားလှတဲ့ ကြွက်ကျူးကျော်အခြေအနေတွေကို အကျယ်တဝံ့ဖော်ပြခဲ့ကြပါတယ်။ ကြွက်တွေဟာ သြစတေးလျရဲ့နယ်ပိုင်းဒေသတွေမှာ သိန်းနဲ့ချီကာ ချီတက်လာခဲ့ကြတာပဲဖြစ်ပါတယ်။

READ
ဥရောပဟာ ငရဲအလား ပူပြင်းနေပြီလို့ ပြောလိုက်တဲ့ မိုးလေ၀သပညာရှင်များ
Animal Planet

လှိုင်းလုံးညိုညိုတွေလို့တောင်ထင်မှတ်ရပြီး ဘယ်နေရာကြည့်ကြည့် ကြွက်တွေဖွေးဖွေးလှုပ်နေတာပါ။ မြေပြင်ပေါ်မှာတင်မကဘဲ နံရံတွေအထိပါ ကြွက်အုပ်လိုက်ကြီးပြေးတက်ပြေးဆင်းလုပ်နေတာကို မြင်တွေ့ရပြီး ကြွက်လေးတွေဟာ ခုန်ပါခုန်နိုင်သေးတာကြောင့် ဗီဒီယိုကြည့်လိုက်ရင် သိပ်ကိုအသည်းယားစရာကောင်းနေမှာပါ။

ဒီကိစ္စကို တိုင်းပြည်မှ တိရိစ္ဆာန်ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးဌာနတို့မှ ကိုင်တွယ်ဖို့ နှစ်တိုင်းလိုလို ကွင်းဆင်းလေ့လာနေပြီး ကြွက်တွေဟာ အိမ်ထဲတွေအထိပါ ဝင်ရောက်လာတာကြောင့် အချို့သောဒေသခံများဟာ အိမ်များကို စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ကြပါတယ်။

Animal Planet

Source: The Sun

Penny

SHARE