အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ပြောလိုက်တဲ့ မင်းမော်ကွန်း

ရုပ်ရှင်ချစ်ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုတော့ မတ်လ ၂၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပြီး အကယ်ဒမီဆုတွေနဲ့ ပတ်သတ်တဲ့ သဘောထားကွဲလွဲမှုတွေ ပရိသတ်တွေကြားမှာ အမြောက်အများရှိခဲ့ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကလည်း  အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

မင်းမော်ကွန်းကတော့ “Generation gap သိပ်ကြောက်ဖို့ကောင်းတယ် ခေတ်ကိုမသိရင် ပရိတ်သတ်နဲ့ ကွဲလွဲနေမှာပါပဲ” လို့ ရေးထားပြီး သူရဲ့ ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ အကယ်ဒမီပေးပွဲရဲ့ ရလဒ်တွေနဲ့ ပရိသတ်တွေရဲ့ ခံစားချက်ထပ်တူမကျတဲ့ အကြောင်းအရင်းကို ရေးသားထားတာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကလည်း မင်းမော်ကွန်းရဲ့ ထင်မြင်ချက်အပေါ်မှာ သဘောတူတဲ့ အကြောင်းကို ကွန်းမန့်တွေ ရေးသားခဲ့ကြပါတယ်။

Source: Min Maw Kun

SHARE