သရုပ်ဆောင်မင်းသွေး ရုတ်တရက်ကြီး ကွယ်လွန်

ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော မင်းသွေးကတော့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မင်းသွေး တစ်ယောက် အောက်တိုဘာ (၃)ရက်နေ့က ရုတ်တရက်ကြီးကွယ်လွန်သွားတာပါ။ကွယ်လွန် သွားရတဲ့ အကြောင်း အရင်းကတော့ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း အမောဖောက် လဲကျသွားရာကနေ ပါရမီ ဆေးရုံ ကို ပို့ဆောင် ကုသနေချိန်မှာပဲ ကွယ်လွန်သွားတာလို့ အနုပညာအသိုင်းအ၀ိုင်းက ပြောကြောင်း BBC မြန်မာ သတင်း တစ်ပုဒ် မှာဖော်ပြထားပါတယ်။

 

မင်းသွေးရဲ့ fb စာမျက်နှာအောက်မှာလည်း အနုပညာရှင်တွေရော ပရိသတ်တွေကပါ ၀မ်းနည်း ကြောင်း စကား တွေ ဆိုထားပါတယ်။ မင်းသွေးဟာ အကယ်ဒမီဆုရှင် မင်းသား နေတိုးရဲ့ညီပါ။သရုပ်ဆောင်အလုပ်တွေ တင်မဟုတ်ပဲ ဂီတ ဘက်မှာပါ စိတ်ပါဝင်စားသူတစ်ယောက်ပါ။ဘောလုံးကန်ရတာကိုလည်း အတော်လေးဝါသနာပါသူတစ်ယောက်ပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ မကြာခဏ ဘောလုံးကန်တတ်တာကိုလည်း တွေ့ရပါတယ်။

READ
သမင်လည်ပြန် ငေးကြည့်ရလောက်အောင် လှနေတဲ့ ဝတ်မှုန်ရွှေရည်

မဆုံးခင်တုန်းက စင်ကာပူကို အလည်သွားခဲ့ပြီး Instagram မှာရော သူ့ရဲ့  fb မှာပါ စင်ကာပူရောက် ပုံလေးတွေ ကို ဝေမျှထားတာကို တွေ့ရပါတယ်။

from မင်းသွေး

SHARE