ဇနီးဖြစ်သူနဲ့ အတူ အရင်တုန်းက အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ မင်းရာဇာ

ဗီဒီယိုလောကမှာ အောင်မြင်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ သူရဲ့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မင်းရာဇာကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အားကျရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

မိသားစုနဲ့ အတူပုံရိပ်တွေကို ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် တင်ပေးလေ့ရှိတဲ့ မင်းရာဇာကတော့ ဒီကနေ့မှာလည်း သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ အရင်က ရိုက်ကူးခဲ့ဖူးတဲ့ အမှတ်တရာပုံရိပ်လေးတွေကို တင်ပေးလိုက်ပါတယ်။ အချိန်အတော်ကြာ လက်တွဲခိုင်မြဲလာတဲ့ ဇနီးမောင်နှံဖြစ်တဲ့ မင်းရာဇာတို့ ဇနီးမောင်နှံကတော့ အရင်ကတည်းက အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းပါတယ်။

မင်းသားကြီး မင်းရာဇာကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းရာဇာရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

READ
မိုးဟေကို ကို ပြန်တောင်းပန်လိုက်တဲ့ သင်ဇာဝင့်ကျော်

SOurce: Min Yar Zar

SHARE