အန္တရာယ်များပေမယ့် အသက်နဲ့ရင်းပြီး ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ မင်းရာဇာ

မြန်မာရုပ်ရှင်ကား ပရိသတ်တွေအတွက် အက်ရှင်ဇာတ်လမ်းကောင်းတွေကို တင်ဆက်နိုင်ဖို့ကြိုးစားနေတဲ့ အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ စွန့်စွန့်စားစား ရိုက်ကူးရတဲ့ အကြမ်းပတမ်းဇာတ်ဝင်ခန်းတွေကိုလည်း ပီပီပြင်ပြင်၊ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့ လတ်တလောမှာလည်း အက်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ အက်ရှင်မင်းသားကြီး မင်းရာဇာကတော့ အန္တရာယ်များပေမဲ့လည်း လူစားမထိုးပဲ သရုပ်ဆောင်ခဲ့တဲ့အကြောင်းကို “ကျွန်တော် ရေအရမ်းကြောက်တယ် ဒါပေမည့်လူစားမထိုးဘူး ပေါကားလို့တော့ မပြောပါနဲ့ ကျွန်တော့်အသက်နဲ့ ရင်းထားရတာပါဗျာ။ အားလုံးကို လေးစားပါတယ်” လို့ရေးထားပြီး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြောထားတာဖြစ်ပါတယ်။

ဇာတ်ရုပ်ပီပြင်ဖို့အတွက် အသက်တစ်ချောင်းကို ရင်းပြီး ကြိုးကြိုးစားစား သရုပ်ဆောင်နေတဲ့ မင်းရာဇာရဲ့  အနုပညာလောဘကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ မင်းရာဇာရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
သူမရဲ့ သီချင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုကို ပြန်ရှင်းလိုက်တဲ့ အိမ့်ချစ်

Source: Min Yar Zar

 

SHARE