ဖတ်ကြည့်လိုက်တာနဲ့ လုံးဝအံ့သြသွားစေမယ့် နယ်ပယ်စုံဗဟုသုတ ၁၀ ခုအကြောင်း

ulleo/pixabay

ဗဟုသုတအနေနဲ့အခုတစ်ခေါက် ဖော်ပြပေးမှာကတော့ လူတွေတော်တော်များများမသိသေးတဲ့ အံ့သြဖွယ်အချက်လေးတွေပါ။ ကဲဒီတော့ ရှည်ရှည်ဝေးဝေး မိတ်ဆက်စာရေးမနေတော့ဘဲ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ Brightside မှ ကိုးကားဖော်ပြထားတာမလို့ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်။

(၁) နှုတ်ခမ်းနီတော်တော်များများမှာ ငါးအကြေးခွံတွေပါဝင်နေတတ်ပါတယ်။ ပုလဲပါတဲ့ နှုတ်ခမ်းနီပြောင်ပြောင်လေးတွေ၊ ငွေရောင်အမှုလေးတွေပါတဲ့ နှုတ်ခမ်းနီတွေထဲက အလက်လက်လေးတွေဟာ ငါးအကြေးခွံတွေမှာပါတဲ့ ငွေရောင်အပိုင်းအစတွေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ နှုတ်ခမ်းနီတွေအပြင် လက်သည်းဆိုးဆေးနဲ့ တခြားအလှကုန်ပစ္စည်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်။

kaboompics/pixabay

(၂) လူတွေရဲ့မျိုးရိုးဗီဇ (DNA) ဟာ ငှက်ပျောသီးတွေနဲ့ ၆၀% တောင် တူညီနေပါတယ်တဲ့။

Alexas_Fotos/pixabay

(၃) မားစ်ဂြိုလ်ပေါ်က နေဝင်ချိန်ကို ခံစားကြည့်မယ်ဆိုရင်တော့ အပြာရောင်ကိုသာမြင်တွေ့ရမှာပါ။

PeterDargatz/pixabay

(၄) အမွှာနှစ်ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် မွေးတာကြာချိန်ဟာ ၈၇ ရက်တိတိရှိခဲ့ဖူးးပါတယ်။ Katie နဲ့ Amy Jones-Elliot တို့ဟာ ၈၇ ရက်တာ ကွာခြားတဲ့ အမွှာညီအစ်မနှစ်ယောက်ပါ။ ၂၀၁၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မီးဖွားချိန်ထက် ၄လ စောကာ Amy ကို မွေးဖွားခဲ့ပါတယ်။ Katie ကတော့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ နောက်ထပ် ၃ လလောက် ထပ်နေခဲ့ပြီးကာမှ လူ့လောကထဲ ရောက်လာခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ မတူညီတဲ့သားဥအိမ် နှစ်ခုစီမှာ သန္ဓေတည်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

READ
နဖူးပြောင်သူတွေက ဉာဏ်ရည် ပိုထက်မြက်ကြောင်း လေ့လာတွေ့ရှိ
3194556/pixabay

(၅) ၁၉၃၄ ခုနှစ် ဒီဇင်ဘာလ၊ ၁၈ ရက်နေ့ကနေ ၁၉၃၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိသာ အသက်ဝင်ခဲ့တဲ့တရားဝင် ငွေစက္ကူတစ်ရွက်ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ဒေါ်လာ ၁ သိန်းတန် ငွေစက္ကူပါ။ Woodrow Wilson ရဲ့ မျက်နှာနဲ့ Federal Reserve Bank မှ ပုံနှိပ်ထုတ်ဝေခဲ့ပေမယ့် ပြည်သူတွေကတော့ တန်ကြေးများလွန်းတာကြောင့် လုံးဝနီးပါးအသုံးမပြုခဲ့ကြရပါဘူး။

© Ameth/wikimedia commons

(၆) အိမ်သာသုံးစက္ကူတွေ အမေရိကမှာ မပေါ်ခင်တုန်းက စားပြီးသားပြောင်းဖူးရိုးတွေဟာ အိမ်သာသုံးစက္ကူတွေနေရာမှာ အညစ်အကြေးတွေစင်အောင် သုတ်သင်ဖို့ အသုံးပြုခဲ့ကြပါတယ်။

Couleur/pixabay

(၇) ရေဆွဲချပြီးသား အိမ်သာခွက်ထဲကရေတွေ၊ အိမ်သာရေပန်းကကျတဲ့ရေတွေထက် စားသောက်ဆိုင်တော်တော်များများမှာ တည်ခင်းနေတဲ့ ရေခဲတွေဟာ ပိုညစ်ပတ်တယ်ဆိုတာ သင်သိပါသလား။

Bru-nO/pixabay

(၈) နာနတ်သီးရဲ့အချိုဓာတ်ကို ပိုကဲချင်တယ်ဆိုရင် အငန်အရသာရှိတဲ့ ဆားကို ထည့်လိုက်ရုံပါပဲတဲ့။

Security/pixabay

(၉) နွားတွေရဲ့ “မူး…” ဆိုတဲ့ အော်သံကာ ဒေသကိုလိုက်ပြီး အသံထွက်ပြောင်းသွားတတ်ပါသေးတယ်တဲ့။ အဆန်းနော်။

READ
Disney မင်းသမီးကာတွန်းတွေထဲ မီငြမ်းထားတဲ့ လက်တွေ့လောကထဲက နန်းတော်များ
ulleo/pixabay

(၁၀) သင်ထီပေါက်ဖို့ဆိုတာ ဥက္ကာခဲအမှန်ခံပြီး အသက်သေသွားတာထက် ရာခိုင်နှုန်းပိုနည်းတယ်ဆိုတာ သင်သိပါသလား။ ထီပေါက်ဖို့ဆိုတာ ၁၉၅ မီလီယံမှာမှ ၁ ခေါက်သာရျိနေပြီး ဥက္ကာခဲမှန်ဖို့ဆိုတာ အကြိမ် ၁၆ သိန်းမှာ ၁ ကြိမ်ဖြစ်နေတာကြောင့်မလို့ပါပဲ။

BilliTheCat/pixabay

Penny

 

SHARE