အလှကုန်ပစ္စည်း ဒေါ်လာ(၇)သန်းကျော်ဖိုးကို (၅)ရက်အတွင်း ရောင်းချနိုင်ခဲ့တဲ့ မင်းသား

[email protected] mingdao_zone

ဒီဖက်ခေတ်မှာ ကုန်ပစ္စည်းတစ်ခုခုကို ဆိုရှယ်မီဒီယာကနေ live လွှင့်ပြီး ရောင်းချဖို့ဆိုတာ မလွယ်ကူလွန်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများဟာ ကုန်ပစ္စည်းတစ်ခုခုကို ကိုယ်တိုင် အသုံးမပြုကြည့်ရသေးပဲ အလွယ်တကူ ဝယ်မသုံးးတတ်လို့ပါပဲ။ အခုပြောပြချင်တဲ့ ထိုင်ဝမ်မင်းသားတစ်ယောက်ကတော့ ၅ ရက်အတွင်းမှာ အလှကုန်ပစ္စည်း စင်ကာပူဒေါ်လာ ၉.၅ သန်း(အမေရိကန်ဒေါ်လာ ၇ သန်းကျော်)ဖိုးကို ဆိုရှယ်မီဒီယာကနေ live လွှင့်ပြီး ရောင်းချနိုင်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

「霸氣總裁」明道跨足電商界短短5天銷售破2億台幣 親吐雙11銷售妙招 影視男神明道推出自創保養品牌歐希納短短五天銷售營業額突破2億台幣,銷售數字驚人,他跨足電商續當霸氣總裁,戲裡戲外無縫接軌,也讓即將到來的雙11購物節銷售,注入一股強心針。該品牌上線時除藝人汪東城、吳克群站台外,羅晉、王心凌與鍾麗緹等人也極力推薦使用,還有粉絲開團囤貨,買了10年份的保養品贈親友,顯示他爆棚的好人緣。對此,明道相當感激圈內圈外好友的支持,與工作夥伴們的辛勞,目前正積極備戰雙11購物節,他說,日前還做夢夢見自己到工廠追單出貨,企盼銷售再創造好成績。 明道為了品牌創立可說是親力親為,從品牌的Logo設計、再到保養品的研發,親自拿自己的臉當實驗室,過程中試了上千次以上,他更親自去工廠,一一檢視研發與包裝過程,以及試香,用最好的原料配方,與用最好的研發團隊,及有成功醫美背景的團隊只為給消費者最好的產品,宛如「行走的電商CEO」,到哪都散發他親和的氣場,難怪品牌上線短短五天銷售就創佳績。 明道在今年七月就飛到上海,隔離完後,就將大量時間專注在自創品牌的上線計畫推廣上,已經大半年沒見到父母,都靠著視訊來孝親,他透露目前演藝工作計劃已經排到明年年底,希望農曆年前有機會回台過年。 此外,為因應即將到來的雙11購物節,明道親自去電工廠老闆提前追加千萬訂單的量備戰,談到雙十一銷售妙招,明道透露:「關愛女性的角度,對品質的堅持,找到最好的研發團隊,要給消費者最好的體驗感就是他最大秘密武器。」 品質+口碑,歐希納藍朋友、憶思貝粉顏知己大賣! #明道 #mingdao

A post shared by 明道 mingdao0226 (@_mingdao) on

အဆိုပါ အမျိုးသားကတော့ ထိုင်ဝမ်ရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်သူ Ming Dao ပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ သူရောင်းတဲ့ အလှကုန်ပစ္စည်းဆိုတာကလည်း သူကိုယ်တိုင် စမ်းသပ်ထုတ်လုပ်ထားတဲ့ သူ့ကိုယ်ပိုင် အမှတ်တံဆိပ် Oceane Beaute လို့ အမည်ရ အလှကုန်ပစ္စည်းပဲ ဖြစ်ပါတယ်။ Ming ဟာ အဆိုပါ skincare products တွေကို ရောင်းဖို့အတွက် သူ့ရဲ့ အနုပညာသူငယ်ချင်းတွေဖြစ်တဲ့ Jiro Wang, Kenji Wu, Cyndi Wang, Christy Chung အစရှိတဲ့ ထိုင်ဝမ်နာမည်ကြီး အနုပညာရှင်တွေကပါ ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရပါတယ်။

READ
ကလေးတွေ ကျောင်းနောက်ကျရင် မိဘတွေကို ဒဏ်ရိုက်ဖို့ ပြင်ဆင်နေတဲ့ မူလတန်းကျောင်း

 

အသက် ၄၀ ရှိပြီဖြစ်တဲ့ Ming ဟာ လွန်ခဲ့တဲ့ အစောပိုင်းနှစ်တွေတုန်းကလည်း အွန်လိုင်းပေါ်ကနေ အလှကုန်ပစ္စည်းတစ်ချို့ကို live လွှင့်ပြီး ရောင်းချခဲ့ပါသေးတယ်။ (၂၀၁၈)ခုနှစ်တုန်းက live အစီအစဉ်မှာ အစီအစဉ် စစပြီးချင်း မိနစ် ၄၀ မှာတင် စင်ကာပူဒေါ်လာ သန်း ၃၀ နီးပါး(အမေရိကန်ဒေါ်လာ ၂၁ သန်းဖိုးကျော်) ရောင်းချခဲ့ရတဲ့ Sales King တစ်ယောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာ Ming ဟာ ကိုယ်ပိုင် အလှကုန်ပစ္စည်းကုမ္ပဏီတစ်ခု တည်ထောင်ဖို့ အကြံရခဲ့ပြီး သူကိုယ်တိုင် Oceane Beaute အလှကုန်ပစ္စည်းတွေကို စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Ming ဟာ ၂၀၀၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ The Prince Who Turns into a Frog အမည်ရ ထိုင်ဝမ်စီးရီးနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

READ
ခြင်္သေ့လှောင်အိမ်ထဲမှာ ခြင်္သေ့ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ ကောင်မလေး

Pyi Hein Kyaw

SHARE