Mulan ရုပ်ရှင်နဲ့ ပတ်သတ်ပြီး အားမရတဲ့ အချက်ကို ပြောပြခဲ့တဲ့ မူရင်း အသံသရုပ်ဆောင်

[email protected] mingna_wen [email protected] yifei_cc

မကြာသေးခင်အချိန်ကမှ ထွက်ရှိခဲ့တဲ့ Mulan ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ ကြည့်ပြီးကြမယ်လို့ ထင်ပါတယ်။ Mulan ဇာတ်ကားထဲက Mulan အဖြစ် သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသမီးချောလေး Liu Yifei ကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Mulan ဇာတ်ကားထဲမှာ Liu Fifei ရဲ့ သရုပ်ဆောင်မှုဟာ တော်တော်လေးကောင်းခဲ့ပေမယ့် ပရိသတ်အများစုကတော့ ဇာတ်လမ်းသွားကို အရမ်းကြီး မကြိုက်ခဲ့ကြပါဘူး။ အခုလည်း Mulan ကာတွန်းကားထဲက Mulan နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Ming-Na Wen က Mulan ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး သိပ်အားမရတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Loyal. Brave. True. I will bring honor to us all. See Disney’s #Mulan in theaters ‪March 27, 2020‬.

A post shared by Liu Yifei (@yifei_cc) on

Ming-Na Wen ဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ အမေရိကန်-တရုတ် ကပြားတစ်ယောက် ဖြစ်ပါတယ်။ Wen ဟာ Street Fighter ဇာတ်ကားနဲ့ Marvel က ရိုက်ကူးတဲ့ Agents of Shield စီးရီးမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mulan ကာတွန်းဇာတ်ကားမှာလည်း Mulan နေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Mulan ရုပ်ရှင်ဇာတ်ကားမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ကူညီခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

Casual wear. •••••••••••••••••••••••••• Subtle Easter Eggs: A nod to 1998 animation, I mimicked the way #Mulan walked when she had to meet the matchmaker. The colors of animated #Mulan’s dress is incorporated into the inner layers of the costume. The hair and makeup also emulate Mulan. @bina_daigeler_costumedesign blew my mind with all the elaborate and breath-taking costumes she designed for @Mulan. She is an incredible talent! Her costume workshop was like a museum. Her attention to details, along with the craftsmanship and artistry of her crew were unbelieveably exquisite and Oscar worthy! So grateful I got to meet and work with her! Side note: Seriously, how did women do ANYTHING in this? ‍♀️

A post shared by Ming-Na Wen (@mingna_wen) on

“ဒီ Mulan ဇာတ်ကားကိုတော့ ပရိသတ်တော်တော်များမျာက စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေတာ Mushu မပါလို့ပါပဲ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ Mushu မပါလည်း ဇာတ်ကားက တော်တော်လေး ကြည့်လို့ ကောင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ Mulan နေရာမှာ သရုပ်ဆောင်တဲ့ Liu Yifei ကိုပဲ နည်းနည်းပြောစရာရှိတာပါ။ Mulan ဟာ ကာတွန်းကားထဲမှာ စစ်ထဲဝင်ဖို့ ယောကျာ်းပုံစံ ဟန်ဆောင်တဲ့နေရာမှာ သူ့ဆံပင်ကို ဓားနဲ့ ဖြတ်ခဲ့တဲ့ အခန်းပါတာကိုတော့ အကုန်သိမှာပါ။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာတော့ Liu Yifei ဟာ ဆံပင်ကို ဓားနဲ့ ဖြတ်တဲ့ အခန်းမပါတဲ့အပြင် ဆံပင်ကြီးတရမ်းရမ်းနဲ့ စစ်တိုက်နေတာ မြင်ရတာ တစ်မျိုးကြီးပဲ။ Liu Yifie ကတော့ အတော်လှပါတယ် ”လို့ Wen က ဟာသနှောပြီး ဝေဖန်ခဲ့ပါတယ်။

READ
ကြံကြံဖန်ဖန် အစားအသောက်တွေကြား ရောက်နေကြတဲ့ ကြောင်ကလေးများ

Pyi Hein Kyaw

SHARE