တရုတ်ပြည်ကားလမ်းမပေါ်မှာ ဧရာမအပေါက်ကြီးဖြစ်ပြီး ကားတွေကို ၀ါးမျို

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Nantongမြို့ရှိ ကားလမ်းပေါ်မှာ ရုတ်တရက် ဧရာမအပေါက်ကြီးဖြစ်ပြီး ကားတွေကို
ဝါးမျိုတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ယင်းဖြစ်ရပ်ဟာ နေ့ခင်းမှာပဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဥပဒေဟိုပ သွားလာနေတဲ့ Nantongမြို့ ကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့
တာဖြစ်ပါတယ်။ ဧရာမအပေါက်ကြီးဟာ (၉)မီတာရှည်လျားပြီး အကျယ်မှာ (၃)မီတာရှိတယ်လို့ သိရပါတယ်။ အဲဒီဧရာမ
အပေါက်ကြီးထဲကို ကားအချို့သာပြုတ်ကျသွားပေမယ့် လူတစ်စုံတစ်ယောက်ကိုမှ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒေသခံရဲတွေကိုမူ အဲဒီအပေါက်ကြီးကို တစ်ညတွင်းဖြည့်ပြီး ပြန်ပြုပြင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ထို့နောက် အဆိုပါဖြစ်ရပ်မှာ Youtubeပေါ်မှာပျံ့နှံ့လျက်ရှိပြီး နယ်ခံဒေသတာဝန်ရှိသူများကို ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။

 

Ja Neelsလို့ ခေါ်တဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က ”တစ်ညတည်းနဲ့ ဒီအပေါက်ကြီးကို သူတို့ ဘယ်လိုဖြည့်မလဲ”လို့
လှောင်ပြောင်ခဲ့သလို Global Citizen လို့အမည်ရတဲ့ အခြားတွစ်တာအကောင့်ပိုင်ရှင်တစ်ဦးကလည်း ”ဒါဟာ
တရုတ်ရဲ့ အခြေခံတည်ဆောက်မှုပါပဲ။ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ အခုလိုပျက်စီး
သွားရတာပါ”လို့ ရေးသားခဲ့ကြပါတယ်။

READ
ဆယ်ဖီရိုက်ဖို့ ထိုင်ခုံခါးပတ်ဖြုတ်လိုက်ချိန်ခဏမှာ အဖြစ်ဆိုးကြုံခဲ့ရတဲ့ကျောင်းသူလေး
M2T (Shwemom)
Source; Mirror
SHARE