2NE1 ဟာ မိသားစုတစ်ခုဖြစ်ပြီး အချင်းချင်း ကူညီဖေးမဖို့ အမြဲရှိနေကြောင်း ဖွင့်ဟခဲ့တဲ့ Minzy

Instagram_daraxxi

2Ne1 အဖွဲ့ဝင် Minzy က သူမတို့ရဲ့ အဖွဲ့ဟာ ဘယ်လောက်ထိ ရင်းနှီးချစ်ခင်ကြလဲဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ Minzy က ထွက်ရှိထားတဲ့ solo track နဲ့အတူ သူမရဲ့ ခံစားချက်တစ်ချို့ကို အင်တာဗျူးတစ်ခုမှာ ဖြေကြားပေးခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

https://www.instagram.com/p/BxTzTm6lp4e/?utm_source=ig_embed&utm_campaign=loading

အင်တာဗျူးသူက ခုလိုအချိန်အကြာကြီး စောင့်ဆိုင်းပြီးမှ ပြန်လာဖို့ကို အဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုတုံ့ပြန်မှုတွေရှိလဲလို့ မေးမြန်းခဲ့တာဖြစ်ပြီး Minzy က ခုလိုဖြေကြားခဲ့ပါတယ် “ ဒီသီချင်းအသစ် ထွက်လာဖို့ကို သူတို့တွေ အရမ်း ထောက်ပံ့ပေးခဲ့ပါတယ် သူတို့တွေ ကျွန်မကို screenshot တွေရိုက်ပြီးတော့ ကျွန်မသီချင်း လူကြိုက်များနေတဲ့အကြောင်းတွေနဲ့ သူတို့ နားထောင်ဖြစ်နေတယ် ဆိုတာလေးတွေ ပို့ပေးကြတယ် နောက်ပြီး သူတို့လုပ်ပေးနိုင်တာ ဘာမဆို ကူညီပေးမယ် ဘာအကူအညီလိုလဲ ဆိုပြီးအမြဲတမ်းမေးကြတယ် ဒါတွေအတွက် ကျွန်မအရမ်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

View this post on Instagram

#2ne1_4thanniv_jp 🎉🎉❤

A post shared by 2NE1 (투애니원) (@2ne1official) on

ဆက်လက်ပြီး သူမက “ သူတို့တွေက ကျွန်မအတွက်တော့ မိသားစုလိုပါပဲ။ ဒါကို ကျွန်မတို့အားလုံးလည်း ခံစားမိကြပါတယ် ကျွန်မတို့ ဘယ်လောက်ပဲ ကွာဝေးနေပါစေ တစ်ယောက်အတွက် တစ်ယောက် အမြဲရှိပေးနေကြမှာပါ။ ကျွန်မတို့က မိသားစုတွေပါ” ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

အင်တာဗျူးသူက 2NE1 အဖွဲ့ ပြန်ပြီးတော့ အလုပ်တွေအတူတူလုပ်ဖို့ရှိလားလို့ မေးတဲ့အခါမှာတော့ “ ကျွန်မတို့တွေက ဂီတအကြောင်းပြောရတာ ကြိုက်တယ် ခုဆိုရင် တစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်သီချင်းတွေနဲ့ ကိုယ်ပိုင် musical color တွေရှိထားကြပါပြီ ဒါပေမယ့် ကျွန်မတို့ ပိုလှပပြီး ပိုဆန်းသစ်တွေ သီချင်းတွေကို အတူတူ လုပ်ဖြစ်သွားဦးမယ်လို့ ယုံကြည်ပါတယ် တစ်နေ့နေ့တော့ ကျွန်မတို့ ပြန်လည်ပေါင်းစည်းဖြစ်မှာပါ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

READ
ဧပြီလမှာ မွေးဖွားခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီများ

Khin

SHARE