မုန်တိုင်းတွင်း လေယာဉ်ပေါက်ကွဲမှုကနေ အံ့အားသင့်ဖွယ် လွတ်မြောက်ခဲ့တဲ့ ခရီးသွားများ

ရုရှားနိုင်ငံမှာ Utair လေကြောင်းလိုင်းမှ ခရီးသည် ဦးရေ (၁၆၀)ကျော်နဲ့ လေယာဉ်အမှုထမ်းတွေဟာ ပြေးလမ်းချော်ပြီး အင်ဂျင်မီးလောင် ပေါက်ကွဲခဲ့တဲ့ လေယာဉ်တစ်စီးပေါ်ကနေ ကံကောင်းထောက်မဖွယ် လွတ်မြောက်ခဲ့ပါတယ်။ Boeing 737 က လေယာဉ်အမှုထမ်းတွေရဲ့ ခရီးသည်တွေကို အစွမ်းကုန်ကူညီမှုနဲ့ ခရီးသည်တွေဟာ လေယာဉ်တောင်ပံကနေ မြေပြင်ဆီကို ခုန်ဆင်းနိုင်ခဲ့ပြီး ကလေးတွေကိုလည်း ဘေးလွတ်ရာဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

East2west News

လေယာဉ်မတော်တဆမှုဟာ ရုရှားနိုင်ငံ ဆိုချီမြို့က Black Sea အပန်းဖြေစခန်းနားမှာ ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ဟာ မြေပြင်ပေါ် ဆင်းသက်နိုင်ဖို့ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် လေယာဉ် ဆင်းသက်မယ့်အချိန်မှာ မုန်တိုင်းတိုက်နေပြီး လေတွေ အရမ်းထန်နေတာကြောင့် ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

East2west News

နောက်ဆုံးမှာ လေယာဉ်မှုးဟာ မြေပြင်ပေါ် ဆင်းသက်နိုင်ခဲ့ပေမယ့် ပြေးလမ်းကနေ အရှိန်လွန်ကာ ကျော်ထွက်ပြီး လေဆိပ်အရံအတားကို သွားရောက်တိုက်မိခဲ့ပါတယ်။ အရှိန်နဲ့ အရံအတားကို ဖောက်ထွက်ပြီးတဲ့အခါမှာတော့ မြစ်ကမ်းပါးပေါ်မှာ မေးတင်ပြီး လေယာဉ်ဘယ်ဘက်အင်ဂျင်ဟာ မီးလောင်ကျွမ်းခဲ့ပါတော့တယ်။ ရုရှားအာဏာပိုင်တွေကတော့ ခရီးသည်ဦးရေ (၁၆၄) ဦး နဲ့ လေယာဉ်အမှုထမ်း(၆)ဦးလိုက်ပါလာတဲ့ လေယာဉ်မတော်တဆဖြစ်စဉ်ထဲမှာ လူ(၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

READ
လူတစ်ရပ်ခန့်ရှိ ဒိုင်နိုဆော ခြေရာတစ်ခုကို လေ့လာသူများရှာဖွေတွေ့ရှိခဲ့
East2west News

အနည်းဆုံးလူ(၄)ယောက်ကိုတော့ မီးလောင်ဒဏ်ရာတွေနဲ့အတူ ဆေးရုံတင်လိုက်ရပြီး ခရီးသည်တစ်ဦးကတော့ ကျောရိုးကျိုးသွားခဲ့ပါတယ်။ ခရီးသည်အများစုကတော့ လေယာဉ်ထဲကနေ မြေပြင်ဆီ သွားမယ့်အခိုက်မှာ အရေးပေါ်လေမှုတ်သွင်းပြီး သုံးရတဲ့ လေထီးတွေဟာ ချက်ချင်းလေမပြည့်တာကြောင့် မီးလောင်နေတဲ့ကြားထဲကပဲ မြေပြင်ပေါ် ခုန်ချခဲ့ရကြောင်း ဆိုပါတယ်။

East2west News

ဗီဒီယိုထဲမှာတော့ လေယာဉ်ဟာ မီးတောက်တွေကြားထဲမှာ ပေါက်ကွဲနေတာကို ကြောက်စရာကောင်းလောက်စွာ တွေ့ရမှာပါ။ လေယာဉ်တောင်ပံနှစ်ခုစလုံးဟာ ကျိုးသွားခဲ့ပြီး လေယာဉ်ဝမ်းဗိုက်နေရာလည်း အတော်ကြီး ပျက်စီးသွားခဲ့ပါတယ်။ ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ TASS က လေယာဉ်ဟာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ကြောင့် လေယာဉ်မဆင်းနိုင်ဖြစ်ခဲ့ရကြောင်း၊ လေယာဉ်ဆင်းသက်ပြီးတဲ့အခါမှာလည်း လေဒဏ်မိုးဒဏ်တွေကြောင့် အရှိန်မထိန်းနိုင်ဘဲ ပေါက်ကွဲမီးလောင်ခဲ့ပေမယ့် လူအသေအပျောက်တစ်စုံတစ်ရာမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE