Miranda Kerr က တော့ ပါးချိုင့်လေးနဲ့ ချစ်စရာ ကောင်းတဲ့ သြစတြေးလျ မော်ဒယ်ဖြစ်ပြီး သူမရဲ့ အသက်က တော့ အခုဆိုရင် (၃၇) နှစ် ရှိနေပါပြီ။ Miranda Kerr က တော့ Katy Perry ကို ချီးကျူး လိုက်ပါ တယ်။ Katy Perry က တော့ သမီးလေး Daisy Dove ကို မွေး ပြီး သီတင်းပတ် (၆) ပတ် အကြာမှာ အလုပ်တွေ ပြန်လုပ် ခဲ့ပါတယ်။အလုပ်ပြန်လုပ် တဲ့ Katy က သူမရဲ့ Instagram မှာ Post တင် ခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက American Idol မှာ ဒိုင် အဖြစ် အလုပ် ပြန်လုပ် ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ etonline မှာ ဖော်ပြထားပါတယ်။
သူမက တော့ black-and-white Christian Siriano ၀တ်စုံကို ၀တ်ထားပြီး ဆင်တူ လက် အိတ် ကိုပါ ၀တ်ထားပါ တယ်။သူမရဲ့ Post အောက်မှာတော့ Miranda Kerr က “Omg you’re amazing! Love you,” ဆိုပြီး Post ၀င် ရေးခဲ့ပါတယ်။ Miranda Kerr ရဲ့ Comment အတွက် ပရိသတ်တွေ က သူမကို ၀ိုင်းပြီး ချီးကျူး ခဲ့ကြ ပါတယ်။ဒီလို ချီးကျူးရတဲ့ အ ကြောင်းအရင်း ရှိပါတယ်။Katy Perry နဲ့ Miranda Kerr တို့ ကြားမှာတော့ ပုံမှန် အနုပညာရှင် အချင်းချင်း ဆိုတဲ့ ပတ်သက်မှု ထက် ပိုနက် ရှိုင်းတဲ့ ပတ်သက်မှု ရှိပါတယ်။သူတို့ ကြားက ဆက်နွယ်မှုက တော့ Orlando Bloom ပါ။
Orlando Bloom က တော့ အရင် တုန်းက Miranda Kerr ရဲ့ ခင်ပွန်းပါ။၂၀၁၀ မှာ လက်ထပ်ခဲ့ ပေမယ့် ၂၀၁၃ မှာတော့ လမ်းခွဲ ခဲ့ ကြပါတယ်။သူတို့မှာတော့ Flynn ဆိုတဲ့ (၉)နှစ် အရွယ်သားလေးရှိပါတယ်။ Miranda Kerr က တော့ အရမ်းကံ ကောင်းသူ လေး လို့ ပြော လို့ရပါတယ်။ Orlando Bloom နဲ့ အိမ် ထော င်ပြိုကွဲ ခဲ့တဲ့ သူမဟာ (၂၀၁၇)မှာတော့ ဒုတိယ အိမ်ထောင် ထူထောင် ခဲ့ပါတယ်။
View this post on Instagram
Read our @wsjmag coverstory out now (link in bio ❤️) @koraorganics snapchat
သူ နဲ့ လက်ထပ်ခဲ့တဲ့ သူက တော့ Snapchat ရဲ့ co-founder တစ်ယောက် ဖြစ်သလို CEO တစ်ယောက်လည်း ဖြစ်တဲ့ Evan Spiegel နဲ့ လက်ထ ပ်ခဲ့တာပါ။ Evan Spiegel က တော့ ဘီလီယံ နာ တစ်ယောက် ဖြစ်ပြီး (၄.၉)ဘီလီယံ လောက် ချမ်းသာ ကြွယ်ဝ သူပါ။သူတို့ နှစ်ယောက်မှာတော့ အသက် (၂)နှစ်အရွယ် Hart နဲ့ တစ်နှစ်အရွယ် Myles ဆိုတဲ့ ကလေး နှစ်ယောက် ရှိပါတယ်။
Katy Perry နဲ့ Orlando Bloom တို့ က တော့ သြဂုတ်လ မှာ သမီးလေး မွေးဖွားခဲ့တာပါ။Kerr က တော့ ခင်ပွန်းဟောင်း သမီးလေး မွေးတုန်းက လည်း ဂုဏ်ပြု ပေးခဲ့ပါတယ်။ Katy Perry က တော့ အရင်က Russell Brand နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။သူတို့ အိမ် ထောင် ရေးက တော့ (၂၀၁၀-၂၀၁၂)အထိ နှစ်နှစ် ကြာ မြင့်ခဲ့ပါတယ်။
#SHWEMOM