လေယာဉ်ဝန်ပိုခပေးဖို့ ပိုက်ဆံမလောက်တဲ့ အလှမယ်ကိုထောက်ပံ့ပေးခဲ့တဲ့ပရိတ်သတ်များ

၂၀၁၈ အတွက် Miss Universe ပြိုင်ပွဲကြီးကိုတော့ ထိုင်းနိုင်ငံမှာပြုလုပ်ကျင်းပခဲ့ပြီး Miss Universe အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Catriona Gray က ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ပြိုင်ပွဲပြီးလို့အသီးသီးပြန်သွားကြချိန်မှာတော့ လေဆိပ်မှာ အဝတ်သေတ္တာတွေနဲ့ အလုပ်ရှုပ်ခဲ့ရသူကတော့ Miss Albania ပဲဖြစ်ပါတယ်။ Albania မှ အလှမယ်လေး Trejsi Sejdini ဟာ အသက် (၁၈) နှစ်သာရှိသေးတာဖြစ်ပြီး သူမကို ပွဲဦးထွက်ကတည်းက ထိုင်းလူမျိုးများမှ အားပေးလာခဲ့ကြတာပါ။

Instagram

အရွယ်ငယ်သေးတာကြောင့် “သမီးလေး” လို့ ချစ်စနိုးခေါ်ခဲ့ကြပြီး သူမရဲ့ runway ပေါ်က ချစ်စဖွယ် အပြုံးလေးတွေနဲ့ ဖျတ်လက်တက်ကြွ သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ ယုံကြည်မှုရှိတဲ့ ကိုယ်ဟန်တွေကြောင့် ထိုင်းပရိတ်သတ်တွေကြား ရေပန်းစားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက ပြိုင်ပွဲကျင်းပရာ ထိုင်းနိုင်ငံကနေ Albania နိုင်ငံ သို့ ပြန်ရန်အတွက် ပရိတ်သတ်တွေဝန်းရံကာ Trejsi Sejdini ကို သူဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပို့ခဲ့ကြပါတယ်။ လေဆိပ်အရောက်မှာတော့ အပြန်လက်ဆောင်ဆိုပြီး ပရိတ်သတ်တွေမှ လက်ဆောင်တွေ အတင်းပေးတဲ့အတွက် မေတ္တာတွေကို လက်ခံပြီး Trejsi Sejdini တစ်ယောက် သူမရဲ့အိမ်ဖြစ်တဲ့ Albania သို့ ပြန်သယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ဓားရှရာမှတစ်ဆင့်လည်ပင်းပတ်လည်မှာ ပေါင်(၄၀)အလေးချိန်ရှိအသားပိုများထွက်လာတဲ့သူ
Instagram

ပြဿနာကတော့ လေယာဉ်ဟာ သတ်မှတ်ထားတဲ့ ပစ္စည်းအလေးချိန်ထက် ပိုများနေခဲ့လျှင် အပိုကြေး ထပ်မံပေးဆောင်ရမှာဖြစ်တဲ့အတွက် Trejsi Sejdini တစ်ယောက် ငွေကြေးအခက်အခဲ ဖြစ်ခဲ့ရပါတယ်။ လက်ထဲမှာပါတဲ့ ငွေနဲ့ အပိုသယ်ဆောင်ကြေးပေးရန် မလောက်မငှ ဖြစ်ခဲ့ရတဲ့အတွက် သူမပါလာတဲ့ ပစ္စည်းတွေနဲ့ အဝတ်တွေကို ထုတ်ကာ လက်ဆောင်တွေကို အစားထိုးပြီး သယ်ဆောင်သွားဖို့ အထိပါ ကြိုးစားခဲ့ပါတယ်။

Instagram

သူမရဲ့အဖြစ်ကို မကြည့်ရက်တဲ့ ပရိတ်သတ်တွေက အပိုသယ်ဆောင်ခကို ပေးဖို့အတွက် ကြိုးစားခဲ့သော်လည်း အချိန်အတော်ကြာတဲ့အထိ လက်မခံခဲ့ပါဘူး။ လေယာဉ်ချိန်လည်း နီးနေပြီ ဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ပရိတ်သတ်တွေက ပိုက်ဆံတစ်ယောက် နည်းနည်းစီစုကာ Trejsi Sejdini ကို သူတို့ပေးသမျှပစ္စည်းတွေသယ်သွားနိုင်ဖို့အတွက် ကူညီခဲ့ပါတယ်။

Korakot Mussamont Chansiri/ Facebook

အချိန် (၁၀) မိနစ်အတွင်း (၁၅၉) ဒေါ်လာလောက် စုမိခဲ့တယ်လို့လည်း သိရပါတယ်။ သူမရဲ့ Instagram မှာတော့ ဖော်ရွေပျူငှာပြီး လက်ဆောင်အပြင် အခက်အခဲတွေကို ကူညီပေးတဲ့အတွက် ထိုင်းပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း post တင်ထားခဲ့ပါသေးတယ်။

READ
မိမိအသက်ကို ပဓာနမထားပဲ ရင်သွေးတွေကို မီးလောင်မှုအတွင်းက ကယ်ဆယ်ခဲ့တဲ့ မိခင်ခွေးမကြီး

 

Source: You Tube, Coconut

Penny

SHARE