App တစ်ခုရဲ့ကျေးဇူးကြောင့် တစ်လကို ပေါင်(၂)သိန်းနီးပါး ဝင်ငွေကြမ်းနေတဲ့ အလှမယ်

Instagram/SuzyCortez

အသက်(၂၉)နှစ်အရွယ် Miss BumBum Winner တစ်ဦးဖြစ်တဲ့ အလှမယ် Suzy Cortez ကတော့ သူမဟာ App တစ်ခုရဲ့ကျေးဇူးကြောင့် တစ်လကို ပေါင် (၁၉၂,၀၀၀)အထိ ဝင်ငွေရနေတယ်လို့ Ladbible ၀က်ဘ်ပေ့ခ်ျနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ အဲဒီ App ကတော့ လူကြီးကြိုက် App ဖြစ်ပြီး၊ အမည်မှာ OnlyFans လို့ သိရပါတယ်။ Suzy ဟာ Miss BumBum မှာ ပထမဆုံး နှစ်ကြိမ်အထိ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။

OnlyFan.Com

Miss BumBum ဆိုတာကတော့ ဘရာဇီးလ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ မယ်ပြိုင်ပွဲတစ်ခုပါ။ ထူးခြားချက် အနေနဲ့ကတော့ ပြိုင်ပွဲဝင် အလှမယ်တွေဟာ သူတို့ရဲ့ တင်သားအလှကို ပြသရတာဖြစ်ပြီး အလှပဆုံး တင်သားကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်က Miss BumBum ဘွဲ့ကို ပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Buenos dias amores let’s go to workout ️‍♂️

A post shared by (@suzycortezoficial) on

သူမဟာ ဒီဆုတွေကို ရရှိနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင်တွေကို အနိုင်ပိုင်းခဲ့ရပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာက ဒုတိယအကြိမ်မြောက် Miss BumBum Winner ကို ထပ်ရခဲ့ပါတယ်။ (၂၀၁၅)မှာ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ Suzy ဟာ အခုဆိုရင် မော်ဒယ်နဲ့ ဖတ်ရှင်လုပ်ငန်းတွေကနေ ငွေဝင်ကြမ်းနေပါတယ်။

ဒါ့အပြင် လူငယ်ကြိုက် App က ဝင်တဲ့ ဝင်ငွေကလည်း မနည်းပါဘူး။ သူမက “ OnlyFans မှာတော့ ကျွန်မက လူကြိုက်များတဲ့ မော်ဒယ်တွေထဲက တစ်ယောက်ပေါ့ … တစ်ခြားမော်ဒယ်တွေနဲ့ လည်း မတူညီတဲ့ ဝင်ငွေတွေရှိပါတယ် … အခု (၂၀၂၀)ခုနှစ်မှာ ကျွန်မအနေနဲ့ တစ်လကို ပေါင် (၁၉၂,၀၀၀) အထိ ရနေပါတယ် ”လို့ ပြောခဲ့တာပါ။

 

 

View this post on Instagram

 

Mi nuevo pack de fotos estás más caliente que nunca chatéame al privado y obtenl… https://OnlyFans.com/SuzyCortez #linkinbio #linkinmystory

A post shared by (@suzycortezoficial) on

သူမက ဆက်လက်ပြီး “ ဒီ App ရဲ့ ကျွန်မအကောင့်ကနေတင်တဲ့ ဗွီဒီယိုတွေ ဓာတ်ပုံတွေဟာ Playboy က ပုံတွေနဲ့ သိပ်မခြားပါဘူး …. ကျွန်မရဲ့ပရိသတ်တွေကတော့ ဒီနေရာမှာ ကျွန်မကို လေးစားကြပြီး စည်းလည်း မကျော်ကြပါဘူး … ကျွန်မရဲ့ ဆိုလ်ရှယ်အကောင့်တွေ့ပေါ်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ သန်းနဲ့ချီရှိပါတယ် .. ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာ ကျွန်မ စာတွေ မပြန်နိုင်ဘူး … ဒါပေမယ့် OnlyFans မှာတော့ ကျွန်မ စကားပြောဖြစ်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

အဲဒီ App မှာ သူမတင်တဲ့ပုံတွေက ဘယ်လိုအမျိုးအစားတွေလဲဆိုတာနဲ့ ပတ်သက်ပြီး Suzy က “ အတွင်းခံဝတ်ထားတဲ့ပုံတွေ၊ ဘီကီနီပုံတွေ နောက် ဝတ်လှစ်စားလှစ်ပုံတွေ … နောက် ပရိသတ်ကပေးတဲ့အကြံအတိုင်း ရိုက်ထားတဲ့ပုံတွေ ရှိပါတယ် .. ကျွန်မရဲ့ Fan တွေက ကမ္ဘာမှာ အကောင်းဆုံးပါ … သူတို့က အမြဲတမ်း ကြင်နာကြတယ် .. ဒါပေမယ့် မခန့်လေးစားပြောတဲ့လူတွေလည်း ရှိပါတယ် ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Selfie selva de pedra #saopaulo #sp

A post shared by (@suzycortezoficial) on

ပြီးခဲ့တဲ့ အောက်တိုဘာမှာ Miss BumBum Winner ထပ်ဖြစ်ခဲ့လို့ ပေါင် (၉၈၃၅) အသားတင်ရရှိခဲ့ပြီး၊ ဒီကျေးဇူးတွေကြောင့်ပဲ သူမက နာမည်ပိုကြီးလာက အခုဆိုရင် တစ်လကို ဝင်ငွေပေါင်(၂)သိန်းနီးပါးလောက် ပုံမှန်ရနေတာလို့ သူမက ဆိုပါတယ်။ သူမဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ပရိသတ်ဖြစ်ခြင်းကြောင့် သူမရဲ့ဗိုက်သားပေါ်မှာ မက်ဆီပုံကို တက်တူးရေးပြီပြီလို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။

လင်းဇော်ကို

SHARE