ခြေထောက်ဖြတ်ပစ်လိုက်ရပေမယ့် ဘ၀ကို အရှုံးမပေးတဲ့ Miss Colombia

Image:IG/Daniella Alvarez

လောကကြီးမှာ က တခါ တ လေ မျှော်လင့် မထားတဲ့ ကံကြမ္မာ ဆိုးရိုက်ခတ် မှုတွေ နဲ့လည်း ကြုံ ရ တတ်ပါတယ်။ အဓိက  စိတ်ဓါတ် ကျ မသွားပဲ စိတ်ခွန်အားနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင် နိုင် ဖို့ က အဓိက ပဲ ဆိုတာကိုတော့ Miss Colombia အလှမယ်ဟောင်း Daniella Alvarez က သက်ေ သ ပြ နေ ပါတယ်။အရွယ် ကောင်းလေး အချိန်မှာပဲ သူမရဲ့ ခြေ ထောက် ကို ဆုံးရှုံး လိုက်ရတာပါ။ဒါ ပေမယ့် လည်း သူမက  တော့ လုံးဝ စိတ်ဓါတ် ကျ မသွားပဲ  ဘ၀ကို ကြိုး ကြိုးစားစား ဆက်လက်ရှင်သန် နေပါတယ်။ဒီအ ကြောင်းကိုတော့ brightside မှာ ဖော်ပြ ထားပါတယ်။

သူမရဲ့ နာမည်က တော့ Daniella Alvarez ပါ။May 24, 1988  မှာ မွေးတဲ့ သူမရဲ့ အသက် ကတော့ (၃၂) နှစ် ပါ။Daniella Alvarez က တော့ (၂၀၁၁)ခုနှစ်က Miss Colombia အလှမယ် သရဖူ ကို ဆောင်း နိုင် ခဲ့တာ ပါ။ အရမ်းလှတဲ့ အလှမယ် သူမက တော့ မကြာ သေးခင်က သူမရဲ့ ဘယ်ခြေထောက် ကို ဆုံးရှုံး ခဲ့ ရပါတယ်။ဒါ ပေမယ့် လည်း သူမရဲ့ စိတ် ဓါတ် က တော့ တကယ့် ကို လေးစားဖို့ ကောင်းပါတယ်။

ဘယ်လိုပဲ လောကဓံ နဲ့ ကြုံ ပါ စေ ။ သူမ က တော့ အ ကောင်းမြင် စိတ် နဲ့ ကြိုးစား ကျော်ဖြတ် နေပါတယ်။ ခြေ ထောက် ဆုံးရှုံး လိုက်ရ ပေမယ့် သူမက တော့ ” ဒီ ကမ္ဘာကြီးထဲကို ရောက်လာ ရတဲ့ အတွက် ကျ မ အရမ်း ပျော်ပါတယ်။ဒီလို စိန် ခေါ် မှု အသစ် ကျမ ဘ၀ ထဲ ရောက်လာ တဲ့ အတွက်လည်း  ပျော်ပါတယ်..” လို့ ပြောခဲ့ပါတယ်။

သူမက တော့ Miss အလှမယ် ဟောင်းတစ်ယောက် အ နေနဲ့ ရော  မော်ဒယ်၊  business woman,  TV host,  ၊ UNICEF Ambassador တစ်ယောက်အဖြစ်ပါ ရပ်တည် နေသူပါ။သူမရဲ့ ဗိုက်မှာ ရှိ နေတဲ့ အဖုအလုံး ကြီး ကို ဖယ်ရှား ခဲ့ ရတာပါ။ဒါပေမယ့် လည်း ကံ မ ကောင်းစွာနဲ့ပဲ အဲ့ဒီ အလုံးကြီးက သူမရဲ့ ခြေ ထောက် သွေး လှည့် ပတ်   စီးဆင်းမှု ကို အ နှောင့်အယှက် ဖြစ် နေတဲ့ အတွက် ခြေ ထောက်ကို ဖြတ် ဖို့ ဖြစ်လာခဲ့ရတာပါ။အသက် (၃၂)နှစ်မှာ ခြေ ထောက်ကို ဆုံးရှုံး လိုက်ရတာပါ။သူမဘ ၀ အတွက် အခက်အခဲ ဆုံး အ ခြေ အနေ တစ်ခု နဲ့ ကြုံ ခဲ့  ရတဲ့ အချိန် မှာလည်း သူမရဲ့ မိဘ တွေ နဲ့ ဆွေ မျိုး တွေ က ဘေးက နေ၀ိုင်းပြီး အားပေး ခဲ့ ကြပါတယ်။နောက်ဆုံး သူမရဲ့ Ex ဖြစ်တဲ့ Lenard Vanderaa ကလည်း သူမရဲ့ ဘေးနားမှာရှိ နေပြီး အားပေး ခဲ့ပါတယ်။

ဘေး က နေ အားပေးရပ်တည် ပေးခဲ့ကြတဲ့ မိသားစုတွေ နဲ့ အ ပေါင်း အသင်းတွေ ကြောင့်လည်း  စိတ် ခွန်အား တွေ ရ ခဲ့တာပါ။နောက်ပိုင်း ကျရင် တော့ ခြေ တု ကို သုံး ပြီး က တာ၊ ပြေးတာ စက်ဘီးစီးတာ၊ရေ ကူးတာ ..အစ ရှိတဲ့ သူမ လုပ်ချင်တဲ့ အရာ တွေကို လုပ် သွားမယ်လို့ Daniella Alvarez က ပြောခဲ့ပါတယ်။” ခြေ ထောက်လား..? ပျံသန်း ဖို့ အ တောင်ပံ တွေ ရှိ နေရင်  ခြေ ထောက်က ကျ မ အတွက် ဘာလို့ လို မှာလဲ။အရင်ကလိုပဲ ကျမရဲ့ Body ကို ကျမ ချစ်တယ် …” ဆိုပြီး ပြောခဲ့ပါတယ်။

#SHWEMOM

SHARE